ပြန်လာလာမလာလာ
အချစ်ရေ
ငါက သန်မာပြီးသား ။

"သိပ်သိပ်ချစ်ရတဲ့နွဲ့တင်" သီချင်းကို
မင်းမကြားလည်း ငါဆိုနိုင်တယ် ။

ပေါင်းစည်းရမှ အချစ်ဆို
လမ်းမပေါ်မှာ လူငယ်တွေ ဘယ်ရှိပါ့မလဲ ။

မျက်ရည်ဟာ
အကောင်းဆုံးအားဆေးပဲလေ
ဝဝလင်လင် သုံးဆောင်ပါမယ် ။

-ခန့်သွယ်
သို့/စတယ်လာ