ပထမအကြိမ်စမ်းသပ်ခြင်းပါ။
ကြွပ်ကြွပ်ရွရွ စားကောင်းပါတယ်။

၁။ဝက်ခေါက်အပြားကိုနူးအိရုံပြုတ်ပါမယ်။(အစေးပေါက်သည်အထိမပြုတ်ရပါ)

၂။ပြုတ်ပြီးဝက်ခေါက်တွေကိုအနေတော်အရွယ်ပိုင်းဖြတ်ပါမယ်။
ဆားအနည်းငယ်၊Vinegar ထမင်းစားဇွန်း(၂)ဇွန်း(မိမိသုံးတဲ့ဝက်ခေါက်အနည်းအများပေါ်မူတည်ပါတယ်)တို့နဲ့ရောသမမွှေနယ်ပြီး(၁)နာရီပိုပိုနှပ်ထားပါမယ်။

၃။မီးအေးအေးမှာလှိမ့်ပါမယ်။(မီးပူလို့မရပါ)ဝက်ခေါက်မှာကပ်နေတဲ့အဆီဖတ်တွေကဆီထွက်လာပါမယ်။လိုအပ်မှဆီအနည်းငယ်ထည့်ပေးပါ။
ဝက်ခေါက်တွေခြောက်ပြီးမာတောင့်တောင့်အနေအထားဖြစ်လာသည်အထိစိတ်ရှည်ရှည်နဲ့လှိမ့်ပေးရပါမယ်။

၄။နောက်ဆုံးအဆင့်အနေမှာဆီများရပါမယ်။မီးပြင်းပြင်းမြှင့်ရပါမယ်။ပထမအကြိမ်ကြော်ထားပြီးသားဝက်ခေါက်တွေကိုဒုတိယအကြိမ်ထပ်ကြော်ရမှာပါ။

ဆီများများပူပူမှာနှစ်ဖိကြော်ပါကပွတက်လာပြီးကြွပ်ကြွပ်ရွရွဝက်ခေါက်ကြော်ရပါပြီ။

image