1 w - Translate

🌾သီးနှံအလေအလွင့်များသော စပါးခွံ၊ ပြောင်းရိုး၊ ပဲခွံများအား ဖွဲပြာ ပြုလုပ်၍ သဘာဝမြေသြဇာအဖြစ် အသုံးပြုနည်းကို ဂျပန်နိုင်ငံအစိုးရ မဟုတ်သော စိမ်းလန်းမြေအဖွဲ့မှ စိုက်ပျိုးရေးဦးစီးဌာန၊ မြေအသုံးချရေး ဌာနခွဲနှင့် CARTC တို့တွင် လက်တွေ့ပြသ၍ သီးနှံ ၁၀ မျိုးတွင် စမ်းသပ်ခဲ့ရာ အပင်ကြီးထွားမှုကောင်းမွန်ပြီး အထွက်နှုန်း တိုးတက်နိုင်ကြောင်း တွေ့ရှိခဲ့ပါသည်။
🔰 စပါးခွံဖွဲပြာ ပြုလုပ်နည်း
1⃣ ဖွဲပြာ ပြုလုပ်ရန် စပါးခွံ၊ ပဲခွံ၊ ပြောင်းရိုးများအား စုဆောင်းပါ။
2⃣ မီးရှို့ရန် သွပ် - မီးခိုးခေါင်းတိုင် ၁ခု လေ၀င်ပေါက် ပြုလုပ်ရန်နှင့် မီးခိုးခေါင်းတိုင်အောက်ခံ ပြုလုပ်ရန် ကျောက်တုံး (သို့မဟုတ်) အုတ်ခဲ ၁၀ လုံးခန့်၊ မီးခိုးခေါင်းတိုင် တည့်မတ်စွာ ထောင်နိုင်ရန် သံချောင်းရှည် တစ်ချောင်း လိုအပ်ပါသည်။
3⃣ ပထမဦးစွာ အုတ်ခဲ၊ ကျောက်ခဲသုံးလုံးအား ဖိုခုံလောက်ဆိုင် ထားပါ။ ထို့နောက် ၄င်းကျောက်ခဲများပေါ်မှာ သွပ်ခေါင်းတိုင်များအား အထိန်း သံချောင်းဖြင့် စိုက်ထူပါ။ လေ၀င်ပေါက် ချန်ပြီး စုဆောင်းထားသည့် စပါးခွံ၊ ပြောင်းရိုး စသည်များကို အပေါ်မှ စုပုံပေးပါ။
4⃣ လေ၀င်ပေါက်မီးထိုးသည့်နေရာမှ တစ်ဆင့် မီးရှို့ပေးပါ။
5⃣ မီးခိုးခေါင်းတိုင်မှ အမည်းရောင် မီးခိုးဦးစွာထွက်ပြီး အပြာရောင်သို့ ပြောင်းလဲလာမည်။
6⃣ မီးခိုးအရောင်ပြောင်းလဲပြီး စပါးခွံအပုံ အပေါ်ယံအထိ မည်းလာပါက လေ၀င်ပေါက်ကို ပိတ်ပြီး အအေးခံပါ။ အသုံးပြုနိုင်သည့် စပါးခွံဖွဲပြာ ရရှိမည် ဖြစ်ပါသည်။ မီးလောင်ကျွမ်းမှုများ၍ စပါးများ၊ ပြာများ အဖြူရောင်ဖြစ်သွားပါက ပိုတက်စီယမ်ဓာတ် မရရှိဘဲ စီလီကာဓာတ်သာ ရရှိပါမည်။
🔰 သုံးစွဲမှု
➭ ရရှိလာသော စပါးခွံဖွဲပြာကို ရေမစိုစေဘဲ မြေတွင်းသို့ ချက်ချင်း ထည့်သွင်းအသုံးပြုရပါမည်။
➭ တစ်ဧက စပါးခွံဖွဲပြာ ၃၀၀၀ ကီလိုဂရမ် (သို့မဟုတ်) ၁၈၀ ပိဿာကျော် ထည့်သွင်းပေးရပါမည်။
➭ ရေမစိုသည့် စပါးခွံဖွဲပြာကို ထည့်ခြင်းဖြင့် ပိုတက်စီယမ် အာဟာရဓာတ် ရရှိစေပါသည်။
🔰အကျိုးကျေးဇူးများ
စပါးဖွဲပြာအား မြေတွင်းသို့ ထည့်ပေးခြင်းဖြင့် မြေတွင်း လေ၀င်လေထွက်ကောင်းစေပြီး အပင်၏ အမြစ်များ ဖွံ့ဖြိုးမှုကောင်းစေပါသည်။ စပါးခွံဖွဲပြာ အခြောက်ကို ထည့်ခြင်းဖြင့် ပိုတက်စီယမ်ဓာတ် ရရှိစေပါသည်။
➭ မြေတွင်းအစိုဓာတ် ထိန်းသိမ်းမှုကောင်းပါသည်။
➭ မြေ၏ စံ (ချဉ်ငံကိန်း) မြင့်တက်စေပါသည်။
➭ မြေတွင်းမှ အာဟာရဓာတ် စုပ်ယူမှု အားကောင်းပြီး အပင်၊ အသီး၊ အရွက် ကြီးထွားမှု ကောင်းမွန်စေပါသည်။
➭ သီးနှံအထွက်နှုန်း ကောင်းမွန်စေပါသည်။
နည်းသစ်စွယ်စုံဂျာနယ် (အတွဲ-၆၊ အမှတ်-၂၈) မှတစ်ဆင့်ဖော်ပြသည်။

image