11 ပတ် - ဘာသာပြန်ပါ။

ကျွန်တော် သက်ပြင်းချတာ
အသက်တိုချင်လို့ မဟုတ်ရပါဘူး
အမေရယ်။

ပင်ပန်းလွန်းလို့ပါဗျာ
ဘာပင်ပန်းစရာရှိလို့လည်း
လာမေးရင်လည်း
ကျွန်တော်ဖြေစရာပျောက်ပါတယ်။

ဘယ်သူဒဏ်ရာပေးနေတာလဲဆိုတာ
ကျွန်တော့်ဗိုက်ထဲ အူဘယ်နှစ်ခွေ ရှိလဲ
သိတဲ့အမေက ကျွန်တော် ပြောစရာမလိုဘဲ
သိနေမယ်ထင်ခဲ့တာ။

"ဟူး" ကျွန်တော်သက်ပြင်းချမိပြန်ပြီအမေ
တစ်ခါချလိုက်တိုင်းရင်ကပေါ့မသွားဘဲ
ပိုပိုလေးလာသလိုပါပဲ။

- ဟေဇယ်