The Duel (2016)
ဒီတစ်ခါ တင်ဆက်ပေးလိုက်တာကတော့ Helena Duel လို ခေါ်တဲ့ လူနှစ်ယောက်ကို
လက်တစ်ဖက်စီ ကြိုးနဲ့ပူးချည်ပြီး ကျန်လက်တစ်ဖက်နဲ့ ဓားကိုင်ကာ ထိုးသတ်ရတဲ့ တစ်ဦးချင်းယှဉ်ခုတ်ပွဲကို
အခြေခံထားတဲ့ ရုပ်ရှင်တစ်ကား ဖြစ်ပါတယ် ။
ဇာတ်လမ်းအကျဉ်းကတော့ Ranger တစ်ယောက်ဖြစ်တဲ့ ဒေးဗစ်ကင်းစတန်ဟာ မြိုတော်ဝန်ရဲ့ စေလွှတ်ချက်အရ
မက္ကစီကန်ဗိုလ်ချုပ်ကြီး တစ်ဦးရဲ့ တူနဲ့တူမ အပြင် တခြား မက္ကစီကန်လူမျိုးတွေ ပျောက်ဆုံးနေမှုကို စုံစမ်းဖို ရည်ရွယ်ချက်နဲ့
Mount Hermon ကို ရောက်လာခဲ့ပါတယ် ။ တကယ်တမ်းတော့ Mount Hermon ရဲ့ ကိုးကွယ်ရာလိုမျိုး ဖြစ်နေတဲ့
အေဗရာဟမ်က လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ လောက်က ဒေးဗစ်ရဲ့ အဖေကို Helena Duel နဲ့ အနိုင်ယူပြီး သတ်ပစ်ခဲ့သူပါ ။
ဒေးဗစ်ကလည်း Mount Hermon ကို ရောက်လာတဲ့အခါ အေဗရာဟမ် ဘယ်လိုတုံပြန်မလဲ ။
သူတိုနှစ်ယောက်ရဲ့ သွေးကြွေးဟာ နောက်ထပ် helena duel တစ်ခုကို ဦးတည်လာတဲ့ အခါ ဒီတစ်ခါမှာရော
ဘယ်သူအနိုင်ရမလဲ ။ ပျောက်နေတဲ့ မက္ကစီကန်လူမျိုးတွေနဲ့ mount hermon ရဲ့ နောက်ကွယ်မှာ
ဘယ်လိုလုပ်ရပ်မျိုးတွေ ရှိနေမလဲ ဆိုတာကိုတော့ The Duel 2016 ရုပ်ရှင်ကားမှာ အတူတူ လိုက်ပါခံစားကြည့်လိုက်ရအောင်ပါ ။
