ယိုးဒယားသင်္ဘောသီးထောင်း စပ်စပ်လေး ပြုလုပ်နည်း
ပါ၀င်ပစ္စည်းများ......
- သင်္ဘောသီးစိမ်း - အနေတော် ၁ လုံး
- ပုဇွန်ခြောက် - အကောင် ၂၀ ခန့်
- မြေပဲလှော် - အစေ့၂၀ ခန့်
- ငရုတ်သီးစိမ်း - ၇ တောင့်ခန့် (အစပ်ကြိုက်လျှင်ပိုထည့်ပါ)
- ထန်းလျှက်ခဲ - ကွမ်းသီးဆံအလုံးလောက် ၃ ခဲ
- ကြက်သွန်ဖြူ- အမွှာကြီးကြီး ၄ မွှာ
- ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်လောက်
- ပဲတောင့်ရှည် - ၃ တောင့်
- ခရမ်းချဉ်သီး - ခပ်ကြီးကြီး ၁ လုံး
- သံပုရာသီး - တခြမ်း
ပြင်ဆင်ပုံ.......
သင်္ဘောသီးကို အခွံခွာပြီး အမြှောင်းရှည်ရှည်လေးတွေ ရအောင်ခြစ်ထားပါ။
ခြစ်ပြီးသော သင်္ဘောသီးများကို သင်္ဘောသီးအစိမ်းနံ့မနံအောင် ရေများများနဲ့ ဆေးပြီးရေစစ်ထားပါ။
ခရမ်းချဉ်သီးကို ၈ စိတ် စိတ်ထားပါ။
မြေပဲလှော်ကို မညက်တညက်ထောင်းပြီး ဖယ်ထားပါ။
ငရုတ်ဆုံ ခပ်ကြီးကြီးထဲမှာ ပုဇွန်ခြောက်ကို မညက်တညက် ထည့်ထောင်းပါ။
ငရုတ်သီးစိမ်းကို မညက်တညက် ရောထောင်းပါ။
ကြက်သွန်ဖြူကို မညက်တညက် ရောထောင်းပါ။
ထန်းလျှက်ခဲကို ညက်နေအောင်ထောင်းပြီးမှ သင်္ဘောသီးကို ထည့်ထောင်းပါ။
ထောင်းသော ကျည်ပွေ့ပေါ် မူတည်ပြီး သင်္ဘောသီးကို ကြည့်ထောင်းပါ။
ကျောက်ကျည်ပွေ့ဆိုပါက ၁၅ ချက် အချက်၂၀ လောက် ထောင်းရင်ရပါပြီ။
သစ်သားကျည်ပွေ့ဆိုပါက အချက် ၁၀၀ လောက်ထောင်းပေးမှ အရသာ၀င်ပါတယ်။
ထောင်းနေစဉ် သံပုရာရည် ညှစ်ထည့်ပြီး ဆားပါ နည်းနည်းခြင်းဆီ ထည့်ပေးပါ။
သင်္ဘောသီးထောင်းပြီးပါက ပဲတောင့်ရှည်ရှိရင် ချိုးထည့်ပြီး ၅ချက်လောက် ထောင်းပေးပါ။
ခရမ်းချဉ်သီးကိုလဲ ထည့်ပြီး ၅ ချက်လောက် ထောင်းပေးပြီးရင် ရပါပြီ။
စားပွဲပြင်တဲ့အခါ ပန်းကန်ထဲသို့ ငရုတ်ဆုံကိုမပြီး အရည်များရော အဖတ်များပါ သွန်ချပြီး မြေပဲထောင်း ဖြူးပေးကာ ပြင်ဆင်ရပါမယ်။
စပ်စပ်မွှေးမွှေး ယိုးဒယားသင်္ဘောသီးထောင်းလေး
လုပ်စားကြရအောင်နော်........။
စာသား Credit -
