11 w - Translate

အကျဉ်းသား ၁၄ ဦး ဂုဏ်ထူးနဲ့ အောင်မြင်
******************
တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းရလဒ်များကို ပညာရေးဝန်ကြီးဌာနမှထုတ်ပြန်ရာ အင်းစိန်ဗဟိုအကျဉ်း ထောင်နှင့် မန္တလေးဗဟိုအကျဉ်းထောင်(အိုးဘို)မှ အကျဉ်းသား ၁၄ ဦးက ဂုဏ်ထူးနဲ့အောင်မြင်ခဲ့ကြောင်း သိရပါတယ်။

အဆိုပါအကျဉ်းထောင်နှစ်ခုလုံးမှ ပြစ်ဒဏ်ကျအကျဉ်းသား ၁၆ ဦးက ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုခဲ့ပြီး ရာနှုန်းပြည့်အောင်မြင်ခဲ့ကာ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သူ ၁၄ ဦးရှိတယ်လို့ သိရပါတယ်။

အင်းစိန်ဗဟိုအကျဉ်းထောင်မှ အောင်မြင်သူများမှာ ၃ ဘာသာဂုဏ်ထူး ၁ ဦး၊ ၂ ဘာသာ ဂုဏ်ထူး ၃ ဦး၊ ၁ ဘာသာ ဂုဏ်ထူး ၄ ဦးနှင့် ရိုးရိုးအောင် ၂ ဦးဖြစ်ပြီး မန္တလေးဗဟိုအကျဉ်းထောင်မှလည်း အကျဉ်းသား ၆ ဦး ဝင်ရောက် ဖြေဆိုခဲ့ပြီး ၃ ဘာသာဂုဏ်ထူးရသူ ၅ ဦးနှင့် ၂ ဘာသာ ဂုဏ်ထူးရသူ ၁ ဦး ဖြစ်ပါတယ်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ်ရဲ့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲနှင့် မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပြန်လည်ဖြေဆို ခဲ့ရသော တက္ကသိုလ်ဝင်စာမေးပွဲတို့ရဲ့ အောင်စာရင်းများကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဇူလိုင်လ ၂၇ ရက်က ထုတ်ပြန်ကြေညာခဲ့ရာ အောင်မြင်သူ ၉၉,၉၂၄ ဦးရှိခဲ့ပါတယ်။

ဒါကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဝင်ရောက် ဖြေဆိုသူ ၂၀၇,၈၉၈ ဦးအနက် အောင်မြင်သူ ၉၉,၉၂၄ ဦးရှိခဲ့တာကြောင့် အောင်ချက်ရာခိုင်နှုန်းမှာ ၄၈ ဒသမ ၀၆ ဖြစ်ကြောင်း သိရပါတယ်။

image