90% ပီးစီးနေပီဖြစ်တဲ့ မိသားစုစံအိမ်ကြီးရဲ့ အတွင်းပိုင်း ပြင်ဆင်မှုကို ကိုယ်တိုင်ကြီးကြပ်မှုတွေ ပြုလုပ်နေတဲ့ နန္ဒာလိှုင်....😍
မင်းသမီး နန္ဒာလိှုင်ကတော့ မြို့တစ်မြို့စာလောက်ကြီးမားလှတဲ့ သူမတို့ မိသားစု စံအိမ်ကြီးရဲ့ အတွင်းပိုင်းကို ကျွမ်းကျင် နိုင်ငံခြား အင်ဂျင်နီယာတွေနဲ့
သူမကိုယ်တိုင် ကြီးကျပ်ကွပ်ကဲ နေပုံတွေ ချပြလာခဲ့တာပဲ ဖြစ်ပါတယ်
သူမရဲ့ စိတ်ကြိုက် ဒီဇိုင်းရေးဆွဲထားမှုနဲ့ အတွင်းပိုင်းကို အခမ်းနားဆုံး ဖန်တီး သွားမှာ ဖြစ်ပြီး
စံအိမ်ပြင်ပ ခြံဝင်းကြီးထဲမှာလဲ သူမကြိုက်တဲ့ ပန်းပင်ကြီးတွေကိုသာ ထည့်သွင်း စိုက်ပျိုးသွားမှာပါ
သစ်ပင်စိုက်ခြင်းကို အရမ်းဝါသနာပါတဲ့ ဇနီး ဖြစ်သူအတွက်
မြို့တစ်မြို့စာနီးပါး ကျယ်ဝန်းလှတဲ့ မိသားစုစံအိမ်ဝင်းကြီးဟာ သူဌေးကြီး ဇေသီဟရဲ့ ချစ်သက်လက်ဆောင်ပဲ ဖြစ်ပါတယ်
တကယ်ကို ကံကောင်းမှု အဖျာဖျာနဲ့ ပြည့်စုံလှတဲ့ မင်းသမီးကြီးပါပဲ 🥰
