11 w - Translate

ခွေးလေးတွေ၊ ကြောင်လေးတွေမှာ နှာရည်ကြည် ကျတတ်တာဟာ ပုံမှန်ပဲလား❓

ဆော့ကစားတဲ့အချိန်၊ အိပ်ပျော်နေတဲ့အချိန် အစာစားပြီးတဲ့အချိန်လေးတွေမှာ ကလေးတွေ နှာရည်ကြည် ယိုတတ်တာ ပုံမှန်ပါပဲ။

ဒါကြောင့် အရမ်းစိတ်ပူစရာမလိုပါဘူး။

ဘယ်လိုအချိန်မျိုးတွေမှာ တိရစ္ဆာန်ဆေးကုဆရာဝန်နဲ့ ပြသသင့်သလဲဆိုရင်

➡️ တုပ်ကွေးကဲ့သို့ အဖျားကြီးကာ နှာရည်အဆက်မပျက်ကျခြင်းတို့အပြင် ချောင်းဆက်တိုက်ဆိုးတဲ့အခါ၊

➡️ ဖုန်၊ ဝတ်မှုန်၊ အစားအစာ စတာတွေနဲ့ ဓာတ်မတည့်မှုဖြစ်ပြီး နှာရည်ကြည်တွေ အများကြီးကျပြီး နှာချေတာ၊ မျက်ရည်ကျတာတွေပါဖြစ်တဲ့အခါ၊

➡️ ခွေး၊ ကြောင်လေးတွေမှာသွားနဲ့ခံတွင်းပြဿနာဖြစ်ပြီး သွားပိုးစားတာ၊ သွားဖုံးရောင်တာတွေကြောင့်လည်း နှာရည်ကျနိုင်တာကြောင့်

အဲ့လိုအခါမျိုးတွေမှာတော့ တိရစ္ဆာန်ဆေးကုဆရာဝန်နဲ့ သေချာတိုင်ပင်ပြသဖို့လိုပါတယ်။

image