OWIC ကတ်ပေါ်တွင် သြဂုတ် ၁ ရက်မှစတင်၍ လုံခြုံရေးစတစ်ကာကပ်မည်
အလုပ်သမားဝန်ကြီဌာနမှ ပြည်ပနိုင်ငံများသို့သွား ရောက်အလုပ်လုပ်ကိုင်မည့် မြန်မာနိုင်ငံသားများကိုထုတ်ပေးလျက်ရှိသည့် ပြည်ပအလုပ်အကိုင်အလုပ် သမားသက်သေခံကတ် (OWIC)ပေါ်တွင် လာမည့် သြဂုတ် ၁ ရက်မှစတင်၍ လုံခြုံရေးစတစ်ကာကပ်သွားမည်ဖြစ်ကြောင်း သိရသည်။
(OWIC)ကတ်အား အတုအပများမရှိစေရန်နှင့် ပိုမိုလုံခြုံမှုရှိစေရန်တို့အတွက် လုံခြုံရေးစတစ်ကာကပ်ပြီးမှသာ (OWIC)ကတ်ကိုထုတ်ပေးရန်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
OWIC ကတ်အား အလုပ်သမားဝန်ကြီးဌာန၊ အလုပ်လသမားညွှန်ကြားရေးဦးစီးဌာနမှ နိုင်ငံကူးလက် မှတ်(Passport for Job-PJ)ကိုင်ဆောင်ထားပြီးပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမားများ ပြည်ပနိုင်ငံများသို့ရောက်ရှိချိန်တွင် သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေပါ ခံစားခွင့်များရရှိနိုင်စေရန်နှင့် အလုပ်သမားရေးရာကိစ္စများဖြစ်ပေါ်လာချိန်၌ လွယ်ကူလျင်မြန်စွာဖြေရှင်းဆောင်ရွက်ပေး နိုင်ရေးအတွက် ထုတ်ပေးလျက်ရှိခြင်းဖြစ်သည်။