11 w - Translate

ဂါဇာကမ်းမြောင်ဒေသက ငတ်မွတ်ခေါင်းပါးနေတဲ့ အရပ်သားတွေကို အကူအညီတွေ အမြန်ပေးနိုင်ဖို့ အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟု ကို ဂျာမဏီနိုင်ငံရဲ့အဓိပတိ ဖရီးဒရစ် မာ့ဇ် က တောင်းဆိုလိုက်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အစ္စရေးနဲ့ဂျာမဏီနှစ်နိုင်ငံဝန်ကြီးချုပ်တွေ ဖုန်းနဲ့ဆက်သွယ်ပြောဆိုမှုကနေ ဂျာမနီဝန်ကြီးချုပ်က တောင်းဆိုခဲ့သလို ဂါဇာမှာ ကပ်ဘေး လူသားချင်းစာနာထောက်ထားမှု အခြေအနေနဲ့ပတ်သက်ပြီး အဓိပတိ ဖရီးဒရစ် မာ့ဇ် ဟာ နက်ရှိုင်းတဲ့ စိုးရိမ်ပူပန်မှုတွေရှိနေတယ်လို့လည်း ဂျာမဏီအစိုးရက ထုတ်ပြန်ထားပါတယ်။
ဂါဇာက ငတ်မွတ်ခေါင်းပါးနေတဲ့ အရပ်သားပြည်သူတွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ချက်ချင်းပေးဖို့ လိုအပ်နေပြီး ဒီအကူအညီတွေဟာ အရပ်သားပြည်သူတွေထံ အမြန်ဆုံးဘေးကင်းကင်းနဲ့ ပမာဏတွေ ရောက်ရှိသွားဖို့ မာ့ဇ် လိုလားနေကြတယ်လို့လည်း သိရပါတယ်။
နိုင်ငံတကာဖိအားတွေတိုးလာတာကြောင့် ဂါဇာကမ်းမြောင်ဒေသမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ နည်းဗျူဟာပိုင်းကို ခေတ္တရပ်ထားဖို့ အစ္စရေးက တနင်္ဂနွေနေ့မှာကြေညာခဲ့ပြီး ကုလသမဂ္ဂနဲ့အကူအညီပေးရေး အေဂျင်စီတွေကို စစ်ဘေးသင့်နယ်မြေတွေကို လုံခြုံတဲ့လမ်းကြောင်းတွေကနေသွားရောက်နိုင်ဖို့ ဖွင့်လှစ်ခွင့်ပြုပေးမယ်လို့ ပြောဆိုထားတယ်လို့လည်း သိရပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာ အများအပြား ငတ်မွတ်ခေါင်းပါးမှုဖြစ်ပွားနေတယ်လို့ အကူအညီပေးရေး အေဂျင်စီ ၁၀၀ ကျော်က ဗုဒ္ဓဟူးနေ့မှာ သတိပေးပြောဆိုထားတာဖြစ်ပါတယ်။
#crd
#realnews

image