#ညောင်းညာကိုက်ခဲပြီး ခြေသလုံးကြွက်တက်
နေသူများအတွက် အကောင်းဆုံး ဓာတ်စာ..
#ဆေးနည်းလေးကတော့
၁။ ဖီးကြမ်းငှက်ပျောသီး မှည့်မှည့်ရယ် (မမှည့်ရင် ချောင်းဆိုးတတ်ပါသည်)
၂။ သက်ရင်းကြီးရွက်ရယ် (၎င်းအပင်မှာ ဒေသတိုင်းတွင် ပေါက်လေ့ရှိပါသည်) ဒီနှစ်မျိုးပဲ လိုအပ်မှာပါ။
#ဖော်စပ်ပုံကတော့
၁။ ဖီးကြမ်းငှက်ပျောသီးကို ဟိုဘက်ထိပ် ဒီဘက်ထိပ် အတွင်းသားလေးတွေ ပေါ်ရုံလောက် လှီးဖြတ်ထားပါ။
၂။ သက်ရင်းကြီးရွက်ကို ရေစင်အောင်ဆေးပြီး နှစ်ရွက် သုံးရွက်ထပ်ကာ ငှက်ပျောသီးကို လုံအောင်ဖုံး၍ လျှော်နှင့်စည်းပြီး ထုတ်ပါ။
၃။ ပြီးလျှင် အိုးထဲထည့်ပြီး မီးဖိုပေါ်မှာ ၆-နာရီကြာ ပြုတ်ရပါမည်။ (၆-နာရီဆိုငြားလည်း နှစ်ရေပွက်ပြီး ဖိုပေါ်မှာ မီးအေးအေးနဲ့ ပစ်ထားလိုက်ပါသည်)
စားပုံစားနည်းကတော့
ပြုပ်ပြီးသား အထုပ်လေးကို အပေါ်က ဖက်တွေပြန်ခွာ ငှက်ပျောသီးကိုလည်း အခွံခွာပြီး အတွင်းသားကိုသာ မနက်တစ်လုံး ညတစ်လုံး တစ်နေ့ နှစ်ကြိမ်စားရမှာ ဖြစ်ပါတယ်။
ငယ်ရွယ်တဲ့ သူတွေအတွက်လည်း ခရီးပင်ပန်းလို့ အလုပ်တွေ ပင်ပင်ပန်းပန်း လုပ်ရလို့ တစ်ကိုယ်လုံး ညောင်းညာ ကိုက်ခဲနေရင် ၎င်းငှက်ပျောသီးလေး တစ်လုံးမျှ စားလိုက်တာနဲ့ ညောင်းညာ ကိုက်ခဲမှုများ လျင်မြန်စွာ သက်သာပါကြောင်း ကိုယ်တွေ့မို့ သတင်းကောင်းပါးလိုက်ပါရစေ။
ကိုကို မမ ဒေါ်ဒေါ် ဦးဦး တို့ဒီpostလေး ကိုတွေ့ရင် shareသွားပေးခြင်းဖြင့် အများကျန်းမာရေးအတွက် ကုသိုလ် ဒါနအနေဖြင့် shareသွားပေးကြပါနော် နောက်နောင်လည်း ကျန်းမာရေးနှင့် ပတ်သက်တဲ့ ဆေးနည်းလမ်းကောင်း ဆေးညွှန်းလေးတွေကို Page ကနေအစဥ်မပျက် တင်သွားပေးမှာဖြစ်ပါတယ် အားလုံးဘဲကျေးဇူး အထူးတင်ရှိပါတယ်......
#ကျန်းမာရေးဗဟုသုတများ
#creditပေးပါတယ်
