အချစ်ကသစ်ပင်ဆိုရင်
အလွမ်းတွေက ရွက်ကြွေတွေပါ
မျက်ရည်တွေကတော့
ရွက်ကြွေတွေနဲ့အတူ
မင်း ဆီနေ့တိုင်း
လေနဲ့အတူ
လွှင့်လာနေကြတယ်
အတောင်ပံတပ်ထားတဲ့
တိမ်တွေကို
သတိတရနဲ့အလွမ်းတွေထုပ်ပေးလိုက်တဲ့အခါ
မင်း ဆီရောက်ရဲ့လား ?
တနေ့နေ့
အလွမ်းမှတ်တိုင်တွေကိုကျော်လွန်ပြီး
ငါတို့နှစ်ယောက်တွေ့ဆုံဖြစ်ရင်
မင်း ရယ်သံတိုးတိုးလေးနဲ့အတူ
မင်း မျက်နှာလေး
အမြတ်တနိုးနဲ့တဝကြီး
ငေးမောကြည့်ချင်ပါတယ်.....။

image