11 w - Translate

📌ကြောင်လေးတွေကို သင်းပေးတဲ့အခါမှာ ဂရုတစိုက်နဲ့ ကျွမ်းကျင်သည့် ခွဲစိတ်မှုလိုအပ်ပါတယ်။

အိမ်မှာဖြစ်စေ၊ ဆရာဝန်မဟုတ်‌တဲ့ သူတစ်ယောက်ယောက်ဖြင့်ဖြစ်စေ လုပ်ခြင်းသည် ကလေးတွေအတွက် အသက်အန္တရာယ်ရှိနိုင်ပါတယ်။

ဒါကြောင့် ကြောင်လေးတွေကို သင်းပေးတဲ့အခါမှာ သိထားရမှာတွေရှိပါတယ်။

➡️ ကိုယ်တွင်းအင်္ဂါများကို ကိုင်တွယ်ခွဲစိတ်ခြင်း၊ မေ့ဆေးအသုံးပြုခြင်းတို့ဟာ အတွေ့အကြုံရှိ တိရစ္ဆာန်ဆေးကုဆရာဝန်များရဲ့ လက်တွင်သာ စိတ်ချရပါတယ်။

➡️ မသန့်ရှင်းသောပတ်ဝန်းကျင်တွင် ပြုလုပ်မိပါက ပိုးဝင်မှုဖြစ်ကာ မလိုလားအပ်တဲ့ ပြဿနာတွေကို ကလေးက ခံစားလာရနိုင်ပါတယ်။

➡️ ခွဲစိတ်ပြီးတဲ့ အခါမှာလည်း ဆရာဝန်ရဲ့ညွှန်ကြားချက်နဲ့ ဂရုစိုက်ပေးရမဲ့ ဆေးကုသမှုတို့ကို ဆက်လက်လိုအပ်ပါတယ်။

သင့်ချစ်ရတဲ့ ကြောင်လေးတွေရဲ့ အသက်နဲ့ ကျန်းမာရေးကို အန္တရာယ်မဖြစ်စေဖို့ ဆရာဝန်ဆီမှာသာ သင်းပေးပါ။

ဒါဟာ သင့်ကြောင်လေးတွေအတွက် အကောင်းဆုံးနည်းလမ်းတစ်ခုပါပဲ။

image