1 w - Translate

ဘန်ကောက်မြို့က သေနတ်ပစ်ခတ်မှု သေဆုံးသူရှိတယ်လို့ဆို

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က ချက်တူချက်အရပ်မှာ သေနတ်သမားတစ်ဦး ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူရှိတယ်လို့ ထိုင်းထောက်လှမ်းရေးဗျူရို (CIက ကြေညာပါတယ်။

ဘန်ကောက်ပို့စ် သတင်းအပါအဝင် ထိုင်းသတင်းဌာနတချို့မှာတော့ လုံခြုံရေး ၄ ဦး သေဆုံးတယ်လို့ သတင်းဖော်ပြနေပါတယ်။

သေဆုံးမှုနဲ့ပတ်သက်ပြီး ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

လက်နက်ငယ်ကိုင်ဆောင်ထားတဲ့ အမျိုးသားတစ်ဦးဟာ ပစ်ခတ်ခံထားသူတွေလို့ ယူဆရတဲ့ လဲကျနေတဲ့ အမျိုးသား နှစ်ဦးအနီးနားကနေ ထွက်ခွာသွားတဲ့ရုပ်သံကိုလည်း ထိုင်းထောက်လှမ်းရေးဗျူရိုက သူတို့ရဲ့ လူမှုကွန်ရက်မှာ တင်ထားပါတယ်။

image