1 w - Translate

ပုံမှန်အားဖြင့် သခင်တွေဟာ သူတို့ရဲ့ခွေးလေးတွေကို မကြာခဏနမ်းရှုံ့ တတ်ကြတယ်၊ ပွေ့ဖက်တတ်ကြတာပါတယ်
ဒါကြောင့် သူတို့ခွေးလေးတွေသန့်ရှင်းနေစေဖို့ရေကိုမကြာခဏချိုးပေးကြပါတယ်။
ရေချိုးပေးတဲ့အခါမှာ လိုအပ်လာမှ ချိုးပေးသင့်ပါတယ်။
မဟုတ်ရင်ခွေးလေးတွေရဲ့ကျန်းမာရေးအတွက် စိတ်ပူစရာတွေဖြစ်လာနိုင်ပါတယ်။
မလိုအပ်ဘဲအရေခဏခဏချိုးပေးမိတဲ့အခါ
➡️ ရေချိုးဆပ်ပြာနဲ့ မကြာခဏထိတွေ့ရတဲ့အတွက် ခွေးရဲ့သဘာဝအဆီဓာတ် (Natural Oils) ဆုံးရှုံးကာ အရေပြားယားယံတာ၊ နှင်းခူထွက်တာတွေဖြစ်နိုင်ပါတယ်။
➡️ အရေပြားရဲ့ အကာအကွယ်လွှာပါးလာတာကြောင့် ပိုးမွှားကပ်ညှိလွယ်ပြီး အနာများ ဖြစ်လွယ်ပါတယ်။
➡️ အရေပြားခြောက်သွေ့ကွဲအက်ပြီးကြမ်းတမ်းတဲ့ အမွှေးအမျှင်တွေ ထွက်လာနိုင်ပါတယ်။
➡️ ရေချိုးတိုင်း နားထဲရေဝင်တဲ့အခါ နားပြည်ယိုတာ၊ ယားယံတာတွေဖြစ်စေနိုင်ပါတယ်။
➡️ ခံနိုင်ရည်အားနည်းတဲ့ ခွေးလေးတွေမှာဆိုရင် မကြာခဏရေချိုးပေးတာက ကျန်းမာရေးထိခိုက်နိုင်ပြီး အဖျား၀င်တာမျိုးပါ ဖြစ်နိုင်ပါတယ်။
သင့်ခွေလေးမှာ ဒီလိုဒုက္ခတွေမခံစားရစေဖို့ ရေကိုလိုအပ်မှသာချိုးပေးသင့်ပါတယ်။
📌 ခွေးလေးတွေတိုင်းက အသားအရေမတူတာမို့ လိုအပ်ချက်ကွဲပြားနိုင်ပါတယ်။ သင့်ခွေးလေးနဲ့သင့်တော်တဲ့ ရေချိုးနှုန်းရက်သတ်မှတ်ချက်ကို အတိအကျသိလိုပါက တိရစ္ဆာန်ဆေးကုဆရာဝန်နဲ့ တိုင်ပင်ပါ။
💬 အခြားတိချစ်သူလေးတွေလဲ သိရအောင် share သွားနိုင်ပါတယ်။

image