1 ပတ် - ဘာသာပြန်ပါ။

❒ မှာတန်တာမှာထားပါ
ဝိညာဉ်ဆိုတာ ဖြုန်းခနဲလဲ ချုပ်တာလဲ ရှိတယ်၊ မချုပ်တာလဲ ရှိတယ်။ (မှန်ပါ့) တချို့ မချုပ်တာတွေကျတော့ ဒကာ ဒကာမတို့၊ ကံက စီမံနေတာဗျ။ သူ့ကို အပါယ်ပစ်ချရမှာလား၊ နတ်ရွာသုဂတိလား…ရုက္ခစိုးလောက်လား။ ဒီ ဝေဖန်လို့ မရတာနဲ့ ကြာနေတာ။ (မှန်ပါ့)
အဲ…ကံက, သူက ပစ်ချရမယ့် ဘက်ကကိုးဗျာ၊ အဲဒီ ပစ်ချရမယ့် ဘက်က နေရငြားသော်လည်း ဝေဖန်လို့က မရသေး။ (မှန်ပါ့)
ဝေဖန်လို့မရတဲ့ အခါကျတော့ နိမိတ်တွေက အမျိုးမျိုး၊ တော်တော်ကြာ နတ်နိမိတ်တွေ ထင်လာ၊ တော်တော်ကြာ တိရစ္ဆာန်နိမိတ်တွေ ထင်လာ။ (မှန်ပါ့ဘုရား)
ဒါ ကံက ဝေဖန်လို့ မရသေးလို့။ (မှန်ပါ့) အဲဒီမှာ မချုပ်နိုင်ပဲ ဖြစ်နေတာ။ (မှန်ပါ့) သဘောကျပြီလား။ (ကျပါပြီ ဘုရား)
ဝေဖန်လို့ရတဲ့အခါကျပြန်တော့လဲ သွားတာပဲ၊ သုဂတိ သွားမှာဖြင့် သုဂတိ၊ ဒုဂ္ဂတိ သွားမှာဖြင့် (ဒုဂ္ဂတိပါ ဘုရား) အပါယ်သွားမှာဖြင့် (အပါယ်ပါဘုရား) အဲဒီသွားတာပါပဲတဲ့။ ဘယ်သူ မလာသေးလို့ စောင့်တယ်လို့ ခင်ဗျားတို့က ယူလိုက်တဲ့အတွက် ခက်တယ်။ (မှန်ပါ့)
ကံက ဝေဖန်လို့ မရသေးလို့ ကြာနေတာ။ ခင်ဗျားတို့က မြေးလေး စောင့်သလိုလို၊ သမီးလေး စောင့်သလိုလို (မှန်ပါ့) ဘေးကလူတွေက ပြောနေတာ။ (မှန်ပါ့)
အဲပြောလို့ ရောက်လည်း ရောက်လာရော၊ နားနားကပ် ပြီးလည်း အော်ပါရော၊ သွားရော ဒီလူမမာ အပါယ်ပဲ။ (မှန်ပါ့ဘုရား)
တကယ်လို့သာ ကြားသွားရင်လေ (မှန်ပါ့) ကြားသွားလို့ ကုက္ကုစ္စဝင်လာမယ်ဆိုရင် မသွားပါနဲ့ဆိုလို့ ရသေးရဲ့ လား။ (မရပါဘူး ဘုရား) အဲဒါ ဒကာကြွယ်၊ ဒကာသစ်၊ ဦးလှဘူး အခုအချိန်က စပြီး ဒီကာကွယ်ရေးကို လုပ်ထားရမယ်။ (မှန်ပါ့)
ဘယ်လိုလုပ်ရမတုန်း။ (ကာကွယ်ရေးလုပ်ထားရပါမယ် ဘုရား) မှာတန်တာ မှာ၊ ပြောတန်တာ ပြောပေါ့ဗျာ။ (မှန်ပါ့)
သူတို့က နိမိတ်မရှိဘူးလို့ ပြောချင်လဲ ပြောလိမ့်မယ်နော်၊ အို…နိမိတ်မရှိနေ၊ ဒီနိမိတ်နဲ့ သွားရမှာလို့ ပြောသာပြော။ (မှန်ပါ့)
သဘောကျပြီလား။ (ကျပါပြီဘုရား)
📌 မိုးကုတ်ဆရာတော်ဘုရားကြီး
#ဓမ္မအသိဖြင့်အကျိုးရှိရှိနေမည်

image