"ကြက်သား ငံပြာရည်ပြုတ်နည်းနှင့် အချဥ်ရည်စပ်နည်း......
ပါဝင်ပစ္စည်းများ.........
* ပေါင်/ရင်အသားပါတဲ့ ကြက်သားတစ်ကီလိုဂရမ်
* စပါးလင် ၄ ပင် (ထုထားပါ)
* နံနံပင်အမြစ် ၅ ပင်
* ကြက်သွန်ဖြူ ၈ မြွှာ (ထောင်းထားပါ)
* ငရုတ်ကောင်းစေ့ ၁ ဇွန်း (ကြမ်းကြမ်းထောင်းထားပါ)
* ရေ ၁,၅၀၀ မီလီလီတာ
* ငံပြာရည် စားပွဲတင်ဇွန်း ၈ ဇွန်း
* ပဲငံပြာရည် အကြည် စားပွဲတင်ဇွန်း ၄ ဇွန်း
* ပဲငံပြာရည် အနောက် စားပွဲတင်ဇွန်း ၁ ဇွန်း
* ထန်းလျက် ၂.၅ ဇွန်း
ဆော့စ်ပြုလုပ်ရန်အတွက်.........
* ငရုတ်သီးအနီ ၅ တောင့်
* ကြက်သွန်ဖြူ ၃ မြွှာ
* နံနံပင်အမြစ် ၂ ပင်
* ထန်းလျက် စားပွဲတင်ဇွန်း ၁ ဇွန်း
* ငံပြာရည် စားပွဲတင်ဇွန်း ၂ ဇွန်း
* သံပရာရည် စားပွဲတင်ဇွန်း ၃ ဇွန်း
* (အားလုံးကို ရောပြီး ညက်အောင် ထောင်းထားပါ)
ပြုလုပ်ပုံအဆင့်ဆင့်.......
၁။ အိုးထဲမှာ စပါးလင်၊ နံနံပင်အမြစ်၊ ကြက်သွန်ဖြူ၊ ငရုတ်ကောင်းမှုန့် တို့ကို အောက်ဆုံးက ခံပြီးမှ ကြက်သားကို အပေါ်က တင်လိုက်ပါ။
၂။ အဲ့ဒီနောက် ငံပြာရည်၊ ပဲငံပြာရည်အကြည်၊ ပဲငံပြာရည်အနောက်နဲ့ ထန်းလျက်တို့ကို ထည့်ပြီး ရေထည့်ပါ။
၃။ မီးပြင်းပြင်းနဲ့ အရင်တည်ပါ။ ရေဆူလာပြီဆိုမှ မီးကို အလယ်အလတ်အပူချိန် လျှော့ပြီး အပေါ်က အမြှုပ်တွေကို ခပ်ထုတ်ပစ်ပါ။ ပြီးရင် မိနစ် ၃၀ ခန့် ဆက်တည်ပါ။
၄။ ကြက်သားကို တစ်ဖက်လှန်ပြီး နောက်ထပ် မိနစ် ၃၀ ခန့် ဆက်တည်ပါ။ အသားထဲ အရသာဝင်ပြီး နူးညံ့လာပြီဆိုရင်တော့ မီးပိတ်ပြီး ပန်းကန်ထဲ ပြောင်းထည့်ပါ။
၅။ ပင်လယ်စာအနှစ်ဆော့စ် အရသာကောင်းကောင်းနဲ့ တွဲဖက်ပြီး သုံးဆောင်နိုင်ပါပြီ။
