အင်္ဂလန် အမျိုးသမီးအသင်း ဥရောပ ဖလားပွဲ ထပ်မံ ဗိုလ်စွဲ
၂၀၂၅ ဥရောပ ဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲမှာ အင်္ဂလန် အသင်းဟာ ဗိုလ်လုပွဲမှာ စပိန်ကို ပင်နယ်တီနဲ့ အနိုင်ရပြီး ထပ်မံ ဗိုလ်စွဲခဲ့ပါတယ်။
အင်္ဂလန် အသင်းအတွက် အနိုင် ပင်နယ်တီဂိုးကို ၂၀၂၂ ဥရောပ ဖလား ဗိုလ်လုပွဲမှာ အနိုင်ဂိုး သွင်းပေးခဲ့သူ ကလိုရီ ကယ်လီကပဲ သွင်းယူခဲ့ပါတယ်။
ဒီနေ့ကစားတဲ့ ဗိုလ်လုပွဲမှာ စပိန် အသင်းက ၂၅ မိနစ်မှာ မာရီရိုနာ ကယ်ဒန်တီက ဦးဆောင်ဂိုး သွင်းယူ နိုင်ခဲ့ပေမဲ့ အင်္ဂလန် အသင်းက ၅၇ မိနစ်မှာ အလက်ဆစ် ရူဆိုက ချေပဂိုး သွင်းယူပြီး အချိန်ပို ကစားတဲ့ အထိ အနိုင်အရှုံး မပေါ်တဲ့အတွက် ပင်နယ်တီ အဆုံးအဖြတ် အထိ ရောက်ရှိခဲ့တာပါ။
ပင်နယ်တီကန်သွင်းရာမှာ အင်္ဂလန်ဂိုးသမား ဟန်နာ ဟမ်တမ် လက်စွမ်းပြခဲ့ပြီး ၃ ဂိုး ၁ ဂိုးနဲ့ နိုင်သွားခဲ့တာဖြစ်ပါတယ်။ လက်ရှိ ချန်ပီယံ အင်္ဂလန် အသင်းဟာ ဥရောပ ဖလားပြိုင်ပွဲ ၂ ကြိမ်ဆက် ဗိုလ်စွဲတဲ့ မှတ်တမ်းဝင်ခဲ့ပါတယ်။
