1 ပတ် - ဘာသာပြန်ပါ။

◼ ဝန်ကြီးရာထူးမှထုတ်ခံရခြင်းမဟုတ်ဘဲ ပါတီလုပ်ငန်းများဆောင်ရွက်ရန်ညွှန်ကြားခဲ့ခြင်းဟု ဒေါ်သက်သက်ခိုင်ပြော
ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်သည် ပြည်ထောင်စုဝန်ကြီးအဆင့်မှ ထုတ်ခံရခြင်း မဟုတ်ဘဲ ၎င်း၏ပါတီလုပ်ငန်းများကို ပြန်လည်ဆောင်ရွက်ရန် နစက ကညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း ယနေ့(ဇူလိုင် ၂၇ ရက်) တွင်ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။
"ကျွန်မကိုအစိုးရအဖွဲ့ကထုတ်ပယ်ခဲ့တာလည်းမဟုတ်ဘူး။ ကျွန်မကိုယ်တိုင်နှုတ်ထွက်ခဲ့တာလည်း မဟုတ်ဘူး။ အဓိက ကတော့နိုင်ငံတော်လူကြီးတွေက ရွေးကောက်ပွဲလုပ်မယ်ဆိုတာ သူတို့စိတ်ထဲမှာ ရှိနေတော့ ကျွန်မသည်ပါတီဥက္ကဋ္ဌတစ်ယောက်ဖြစ်တဲ့အတွက် ပါတီကိုပြန်လည်ဦးဆောင်ဖို့ အနားပေး ခဲ့တာပါ" ဟု ဒေါ်သက်သက်ခိုင်ကသတင်းမီဒီယာများကိုပြောဆိုသည်။
ယင်းသတင်းစာရှင်းလင်းပွဲတွင် နိုင်ငံရေး၊ စီးပွားရေး၊ ကျား/မ ခွဲခြားဆက်မှုများအပါအဝင် လာမည့် ရွေးကောက်ပွဲနှင့်ပတ်သက်သည့် လက်ရှိဆောင်ရွက်ထားမှုများ၊ အခက်ခဲများကို ပြောဆိုခဲ့ကြောင်း သိရသည်။
ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌဒေါ်သက်သက်ခိုင်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီနောက်ပိုင်းတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ခံရပြီး ၂၀၂၃ ခုနှစ်၊ သြဂုတ်လတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသို့ ဝန်ကြီးအဖြစ် ထပ်မံပြောင်းရွှေ့ခံခဲ့ရကာ ယခုနှစ်ဇန်နဝါရီ ၃၁ ရက်တွင် ဝန်ကြီးတာဝန်မှအနားယူခွင့်ပြုလိုက်ကြောင်း နစက ကထုတ်ပြန်ခဲ့သည်။
သတင်း၊ ဓာတ်ပုံ - ပိုင်လေး
#ပြည်တွင်းသတင်း

image