ထိုင်းရိုးရာ ငရုပ်သီးနုထောင်း နာမ်ဖရစ်နုမ်း (Nam Prik Num) ဟာ အရသာရှိပြီး လုပ်ရတာလည်း လွယ်ကူပါတယ်။
အချိန်ကြာကြာသိမ်းထားလို့ရတဲ့ ငရုတ်သီးထောင်းတစ်မျိုးဖြစ်ပြီး ဘယ်ဟင်းနဲ့တွဲစားစား လိုက်ဖက်ပါတယ်။
⚡ ပါဝင်ပစ္စည်းများ ⚡
* ငရုတ်သီးအစိမ်း (အရှည်) ၁၂ တောင့်
* ငရုတ်သီးစိမ်း (အကြီး) ၆ တောင့်
* ကြက်သွန်နီ ၅ လုံး
* ကြက်သွန်ဖြူ ၁၀ မြွှာ
* သံပရာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
* သကြား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
* ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း
👉 ပြုလုပ်နည်း 🕐
၁။ ငရုတ်သီး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို မီးကင်ပါ
* အလယ်အလတ်မီးနဲ့ ဒယ်အိုးကို အပူပေးပြီး ပါဝင်ပစ္စည်း
များအားလုံး နူးအိလာတဲ့အထိ ကင်ပေးပါ။
၂။ အခွံနွှာပါ
* ဖုတ်ထားတဲ့ ငရုတ်သီး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ရဲ့
အခွံတွေကို နွှာပေးပါ။
၃။ ထောင်းပြီး အရသာသွင်းပါ
* အခွံနွှာထားတဲ့ ပါဝင်ပစ္စည်းတွေအားလုံးကို ညက်သွားတဲ့
အထိ ရောထောင်းပါ။
* ပြီးရင် ဆား၊ သကြားနဲ့ သံပရာရည်တို့နဲ့ အရသာသွင်းပြီး
သမအောင် ရောမွှေပါ။
၄။ ပြင်ဆင်ပါ
* ပန်းကန်လုံးထဲ ခပ်ပြီး နှစ်သက်ရာ အသီးအရွက်တို့နဲ့
တွဲဖက်သုံးဆောင်နိုင်ပါပြီ။
