ကြက်သားဘူးသီး ကာလသားချက်

ကြက်ကိုတော့ အိမ်ကြက်ပဲသုံးထားပါတယ် ကြက်သားထဲကို ဆား အရသာမူန့် ကြက်သားမူန့် ငံပြာရည် ငပိအနည်းငယ်ရောပြီး နှယ်ထားပါတယ်

ဘူးသီး ခရမ်းချဥ်သီး စပါးလင် နံနံပင် လှီးထားပါ

ကြက်သွန်နီ ကြက်သွန်ဖြူ ငရုပ်သီးခြောက်တို့ကို ညှက်နေအောင်ထောင်းထားပေးထားပါ

ထောင်းထားတဲ့ ငရုက်အနှစ်နဲ့ စပါးလင် ကြက်သားတွေကို ရောနှယ်ပြီး ဆီထည့် အရသာတွေထည့်ပြီး မာမာတင်းတင်းဖြစ်တဲ့အထိချက်ထားပေးပါ ရလာရင်တော့ ဘူးသီး ခရမ်းချဥ် ရေထည့်ပြီး နူးနေအောင်ချက်ပေးလိုက်ပါ နောက်ဆုံး နံနံပင်ထည့်ပြီး အပေါ့အရသာမြည်း လိုအပ်တာထပ်ထည့်ပါ အရမ်းအရသာရှိ့တဲ့ ကြက်သားကာလသားချက်လေး ရပါပြီးနော်

image