8 w - Translate

ထိုင်းနှင့် ကမ္ဘောဒီးယားအကြား နယ်စပ်တင်းမာမှုတို့က သိသာစွာ အရှိန်မြင့်တက်လာပြီး နှစ်ဖက်စစ်တပ်များသည် ယနေ့ဇူလိုင် ၂၅ ရက်တွင် ဒုတိယမြောက်နေ့အဖြစ် အပြန်အလှန် ပစ်ခတ်မှုတို့ ဆက်ဖြစ်နေသည်။ နှစ်ဖက်ပစ်ခတ်မှုအတွင်း ထိုင်းဘက်၌ သေဆုံးသူဦးရေသည် ၂၀ ဦးကျော်အထိ ရှိလာကြောင်း ထိုင်းယာယီဝန်ကြီးချုပ် ဖမ်သမ် ဝီချာယာချိုင်းက ပြောကြားသည်ဟု Nikkei Asia သတင်းဌာနက ဖော်ပြသည်။ ကမ္ဘောဒီးယားဘက်တွင်လည်း အရပ်သားတဦး သေဆုံးကြောင်း သိရသည်။

တချိန်တည်းတွင် နှစ်နိုင်ငံ နယ်စပ်တလျောက် ပစ်ခတ်မှုများကြောင့် ထိခိုက်သေဆုံးသူများအတွက် နစ်နာကြေးပေးမည်ဟုလည်း ထိုင်းအစိုးရက ကြေညာသည်။

နယ်စပ်ပဋိပက္ခတိုက်ပွဲကြောင့် ထိုင်းဘက်၌ သေဆုံးသူတဦးလျင် ဘတ် ၁,၀၀၀,၀၀၀၊ မသန်စွမ်းဖြစ်သွားသူတဦးလျင် ဘတ် ၇၀၀,၀၀၀ ၊ ပြင်းထန်ဒဏ်ရာရရှိမှုအတွက် ဘတ် ၂၀၀,၀၀၀ ၊ မပြင်းထန်သည့် အသင့်အတင့်ဒဏ်ရာရရှိမှုအတွက် ဘတ် ၁၀၀,၀၀၀ နှင့် အသေးစားဒဏ်ရာရရှိမှုအတွက် ဘတ် ၅၀,၀၀၀ နှုန်းဖြင့် ထိုင်းအစိုးရကနစ်နာ ကြေးပေးမည်ဟု အတည်ပြုထားကြောင်း သိရသည်။

image