12 w - Translate

ဘန်ကောက်တွင် မြန်မာလုပ်သားနှစ်ဦး ပစ်မှတ်မှား တိုက်ခိုက်ခံရမှု လူမှုကွန်ရက်၌ ပြင်းထန်စွာ ဝေဖန်ခံနေရ
-----------------------------------------------------------------
ဇူလိုင် ၂၄ ရက်နေ့က ထိုင်း-ကမ္ဘောဒီးယားနယ်စပ်၌ စစ်ရေးတင်းမာမှုများ စတင်ဖြစ်ပွားခဲ့သည့်နေ့တွင် ဘန်ကောက်မြို့ရှိ ဈေးတစ်ခု၌ မြန်မာလုပ်သားနှစ်ဦးသည် ကမ္ဘောဒီးယားလူမျိုးအထင်ဖြင့် ထိုင်းအမျိုးသားတစ်စု၏ ရိုက်နှက်တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်သည့် ဗီဒီယိုဖိုင်များ လူမှုကွန်ရက်တွင် ပျံ့နှံ့လာပြီးနောက် ထိုင်းအွန်လိုင်းအသုံးပြုသူများအကြား ပြင်းထန်သော ဝေဖန်ရှုတ်ချမှုများ မြင့်တက်လာခဲ့သည်။
Facebook စာမျက်နှာတစ်ခုမှ ဓာတ်ပုံများနှင့် ဗီဒီယိုများ မျှဝေခဲ့ရာမှ ဤဖြစ်စဉ် လူသိရှင်ကြား ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ ဗီဒီယိုထဲတွင် တိုက်ခိုက်သူအုပ်စုသည် လိမ္မော်ရောင်ရှပ်အင်္ကျီဝတ်ထားသော လုပ်သားနှစ်ဦးထံ ချဉ်းကပ်လာပြီး ၎င်းတို့၏ ဇာတိကို မေးမြန်းခဲ့သည်။ စကားပြန်ရန် အချိန်မရမီပင် လုပ်သားနှစ်ဦးအနက် တစ်ဦး၏ မျက်နှာကို လက်သီးဖြင့် ထိုးခဲ့သည်။ အထိုးခံရသူ လဲကျသွားပြီးနောက် အနီရောင်ရှပ်အင်္ကျီဝတ် ထိုင်းအမျိုးသားတစ်ဦးက ၎င်းတို့၏ နိုင်ငံသားဖြစ်မှုကို ထပ်မံမေးမြန်းခဲ့ရာ မြန်မာဖြစ်ကြောင်း ပြောပြခဲ့သည်။ ထိုအခါ "အိုကေ၊ ကမ္ဘောဒီးယား မဟုတ်ဘူးနော်" ဟု ပြောကာ တိုက်ခိုက်သူများ ထွက်ခွာသွားခဲ့သည်ကို တွေ့ရသည်။
လက်ရှိတွင် တိုက်ခိုက်ခံရသည့် မြန်မာလုပ်သားများ၏ မန်နေဂျာက ခန်နာယာယို ရဲစခန်းတွင် အမှုဖွင့်ထားပြီး ဖြစ်သည်။ ၎င်းက ထိုင်းနိုင်ငံသားများအနေဖြင့် ယခုကဲ့သို့ အကြမ်းဖက်မှုမျိုး မပြုလုပ်သင့်ကြောင်းနှင့် ရွှေ့ပြောင်းလုပ်သားများသည် မည်သည့်ပဋိပက္ခတွင်မှ ပါဝင်ပတ်သက်ခြင်း မရှိကြောင်း ပြောကြားခဲ့သည်။ အဆိုပါ တိုက်ခိုက်သူအုပ်စုသည် ယခုဖြစ်စဉ်မတိုင်မီကလည်း ကမ္ဘောဒီးယားလုပ်သားတစ်ဦးကို ပါးထိ ထိခိုက်ပေးခဲ့ဖူးပြီး ထိုစဉ်ကလည်း လူမှုကွန်ရက်ပေါ်တွင် ဝေဖန်မှုများစွာ ခံခဲ့ရကြောင်း သိရှိရသည်။
#realdiaries
#thailand
#myanmar
#imigrantworker
#news

image