မုန်းဟင်းခါးနှင့် တွဲစားရတဲ့ ပဲကပ်ကြော်ပွပွလေး ကြော်နည်း

ပါဝင်ပစ္စည်းများ.......
- ပဲ (၃) (၄) ဗူး
- ကောက်ညှင်းမှုန့် (၄) ဇွန်း
- ဆန်ကြမ်း (၅) ဇွန်း
- ဂျုံမှုန့် (၄) ဇွန်း
- ဆား ၊ ဆော်ဒါ အနည်းငယ်
- ရေ ၊ ဆီ

ပြုလုပ်ပုံအဆင့်ဆင့်......
ပထမဦးစွာ ပဲများကို ရေစင်အောင်ဆေးပြီး ရေကို ပဲတွေမြုပ်အောင်ထည့်ပြီး ၆ နာရီခန့်လောက် စိမ်ထားပေးပါ ။

ပြီးနောက် ကောက်ညှင်းမှုန့် ၊ ဂျုံမှုန့် ၊ ဆန်ကြမ်း ၊ ဆား အနည်းငယ် ‌၊ ဆော်ဒါအနည်းငယ် ရေထည့်ပြီး မုန့်ရည်မပျစ်မကျဲ ဖျော်ထားပါ ။

ပြီးနောက် မုန့်နှစ်ထဲသို့ စိမ်ထားတဲ့ပဲတွေကိုရေစစ်ပြီး ထည့်ပါ နာရီဝက်လောက် နှပ်ထားပါ

ပြီးနောက်ဆီအိုးသယ်ပြီး ဆီပူလာလျှင် အကြော်ကြော်တဲ့ ဇွန်းပြား သို့ ပန်းကန်ပြားပေါ်ထည့်ကာ ဆီအိုးထဲသို့ထည့်ပြီး ကြော်လို့ရပါပြီးနော်

ရွှေဝါရောင်တန်းလာပြီဆိုရင် ဆယ်သယ်လို့ရပါပြီနော် ဒါဆိုရင်တော့ အရသာရှိတဲ့ ပဲကပ်ပွပွကြော် ရပါပြီးနော်

မုန့်ဟင်းခါး ဖြင့် တွဲစားလိုက်ရင်တော့ အရမ်းကို အရသာရှိစေမှာဖြစ်ပါတယ်.....😋

PHOTO CREDIT -

image