“ဆီးဖြူသီး” ဗီတာမင်စီ လိမ္မော်သီးထက် အဆ ၂၀ ပိုများတယ်။🥶💥
နေ့တိုင်းစားရင် ကိုယ်ခံအားကောင်း၊ အသားအရေကြည်လင်ပြီး သလိပ်တွေ ပြောင်သွားမယ်!
ဒီချဉ်ပြုံးပြုံးအရသာရှိတဲ့ အသီးသေးသေးလေးကို လုံးဝအထင်မသေးပါနဲ့!
ဘာလို့လဲဆိုတော့ ဇီးဖြူသီးဟာ ထိုင်းနိုင်ငံရဲ့ စူပါအစားအစာ ဖြစ်လို့ပါပဲ။
အသီးစိမ်းပဲစားစား၊ သကြားရည်စိမ်ပြီးပဲစားစား၊
ဆေးတောင့်အဖြစ်စားစား ဘယ်လိုစားစား အကုန်ကောင်းပါတယ်။
✅ ဘာကြောင့် “ဇီးဖြူသီး” ကို စားသင့်တာလဲ.....?
၁။ ဗီတာမင်စီ အလွန်မြင့်မားခြင်း...။
* ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပါတယ်။
* အအေးမိခြင်းမှ ကာကွယ်ပေးပါတယ်။
* ညိုမည်းပျက်စီးနေတဲ့ အသားအရေကို အတွင်းကနေ
ကြည်လင်တောက်ပလာအောင် ပြန်လည်ကောင်းမွန်စေ
ပါတယ်။
၂။ သလိပ်ပျော်စေပြီး လည်ချောင်းရောင်ရမ်းမှုကို
လျှော့ချပေးခြင်း...။
* ဓာတ်မတည့်သူတွေ၊ သလိပ်များသူတွေ၊ လည်ချောင်းနာ
သူတွေ ဆီးဖြူသီးစားရင် သလိပ်တွေကို ကောင်းကောင်း
ရှင်းထုတ်ပေးနိုင်ပါတယ်။
၃။ ဓာတ်တိုးဆန့်ကျင်စွမ်းအား အလွန်မြင့်မားခြင်း...။
* အိုမင်းရင့်ရော်မှုကို နှေးကွေးစေပြီး အရေးအကြောင်း
တွေကို လျှော့ချပေးပါတယ်။
* ဆဲလ်များ ပျက်စီးယိုယွင်းခြင်းမှ ကာကွယ်ပေးပါတယ်။
၄။ သွေးတွင်းသကြားဓာတ် လျှော့ချပေးခြင်း...။
* သကြားစုပ်ယူမှုကို နှေးကွေးစေတဲ့ Polyphenol ဓာတ်
တွေ ပါဝင်ပါတယ်။
၅။ အူလမ်းကြောင်း သန့်ရှင်းစေပြီး ဝမ်းမှန်စေခြင်း...။
* အမျှင်ဓာတ် မြင့်မားစွာပါဝင်တာကြောင့် အညစ်အကြေး
တွေကို ကောင်းစွာစွန့်ထုတ်နိုင်ပြီး ဝမ်းချုပ်တာကို ကာ
ကွယ်ပေးပါတယ်။
🥄 ဘယ်လိုစားရင် အကျိုးကျေးဇူးပိုများမလဲ......?
* အသီးစိမ်းစားပါ (တစ်နေ့ ၁-၂ လုံး)
- ဗီတာမင်အပြည့်အဝ ရရှိပါမယ်။
* ဆီးဖြူသီးဖျော်ရည်ကို ပျားရည်နဲ့ရောပြီး မနက်ခင်းနဲ့
ညမအိပ်ခင် နွေးနွေးလေး သောက်ပါ။
* ဆေးတောင့် (သို့) သကြားရည်စိမ်ပြီးစားတာလည်း ရပေ
မယ့် သကြားဓာတ်များတာကိုတော့ ရှောင်ပါ။
ကိုယ်ခံအားကျနေသူတွေ၊ မကြာခဏ အအေးမိတတ်သူတွေ၊ ချွဲသလိပ်များသူတွေ၊ ဒါမှမဟုတ် ဂလူတာမထိုးဘဲ အသားအရေကြည်လင်ချင်သူတွေ → ဆီးဖြူသီးကနေ စတင်လိုက်ပါ။
