ဒုက္ခပေးခဲ့တဲ့လူတွေကိုကျေးဇူးတင်ပါတယ်
အချိန်တန် ကိုယ့်အနားရှိမယ့်သူကို
ချပြပေးခဲ့လို့ပေါ့.....
အခက်အခဲတွေဖြစ်အောင် တွန်းပို့ခဲ့တဲ့လူတွေကို ကျေးဇူးတင်ပါတယ်
အချိန်တန်
ကိုယ့်ရဲ့စွမ်းရည်တိုးလာစေလို့ပေါ့......
ပြဿနာပေါင်းစုံရှာပေးခဲ့တဲ့လူတွေကိုလည်း ကျေးဇူးတင်ပါတယ်
အချိန်တန်
လူတွေရဲ့မျက်နှာဖုံးတွေကို သိသာစေခဲ့လို့ပေါ့......
မတူမတန်သလို ခွဲခြားဆက်ဆံခဲ့တဲ့
လူတွေကိုလည်း ကျေးဇူးတင်ပါတယ်
သူတို့ဟာ အချိန်တန်
ကိုယ့်အနားမရှိသင့်တဲ့လူတွေမှန်း သိစေခဲ့လို့ပေါ့...
လိုတမျိုး မလိုတမျိုး
ဆက်ဆံခဲ့တဲ့လူတွေကိုလည်း ကျေးဇူးတင်ပါတယ်
အချိန်တန် ဘယ်သူတွေက
ကိုယ့်ကိုအသုံးချမလဲဆိုတာ သိစေခဲ့လိုပေါ့.........
လောကမှာ
ကြုံရတဲ့လူတိုင်းဟာ
သင်ခန်းစာပေးရင်း
အတုအစ စ်ခွဲ ခြား ပြသွားကြတာပါပဲ
အစစ်အမှန်တွေကို လက်တွဲလို့
အတုအယောင်တွေကို စွန့်လွှတ်ကာ
ဘဝကို အရှုံးမပေးတမ်း
ဆက်လျှောက်ကြရမှာပါပဲ။
#credit
