အဆင်ပြေသွားပြီ အကိိုရေ.........
သက်သာသွားပြီး အကိုရေ ဆိုတဲ့ စကားကို
ကြားရရင်ပဲ ကျနော့်အတွက် ပြောမပြတတ်အောင် ကျေနပ်ပီတိဖြစ်ရတာက ဘာနဲ့မှအစားထိုးမရတဲ့ ခံစားချက်ပါပဲ။
လွန်ခဲ့သော ၃ လ ခန့်ကပေါ့...။
အကိုရေ ကျမတို့သမီးလေးက ၃ နှစ်ရှိပါပြီး။
စကားပြောပေမဲ့လည်း ထစ်သလိုလို လေးသလိုလို ဖြစ်နေပါတယ်အကို။
ခုလို ငယ်တုန်းမှာကုရင် ရတယ်လို့ ပြောကြတာကြောင့် ဆေးခန်းကိုပြကြည့်တော့ မွေးရာပါ လျာကင်တိုတာကြောင့် ဖြစ်တာလို့ ပြောပြီး တိုက်ရမဲ့ဆေးတွေ ပေးပါတယ်။
ဒါပေမဲ့ ထူးခြားမလာဘူး အကိုဆရာရေတဲ့...။
ဗမာဆေးနည်းများ ရှိရင် ကူညီပါလား ကျေးဇူးမမေ့ပါဘူး ဆိုပြီး Ma Chaw Su ဆိုတဲ့ Acc ပိုင်ရှင် ညီမတစ်ယောက်က ပြောလာခဲ့တယ်ဗျ။
ဒါနဲ့ပဲ ခလေးငယ် စကားပြောထားတဲ့ Video လေးရယ်၊ ခလေးရဲ့ အာနဲ့လျှာရယ်ကို ပုံရိုက် ပို့ခိုင်းလိုက်တော့ ပို့ပေးလာပါတယ်။
ကျနော်လည်း ခလေးငယ်ဖြစ်တာကြောင့် မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုး ဖြစ်သွားမှာစိုးရိမ်တာကြောင့်
ကိုယ့်သိ ကိုယ်နားလည်ထားတာကိုပဲ ချက်ချင်းမပြောသေးပဲ ကျနော်ဆရာသမားကိုပြောပြလိုက်တယ်ပေါ့။
အဲ့ဒီတော့........
ကျနော့်ဆရာသမားက ဘာပြသနာမှမရှိပါဘူး ကွာ မင်းက စိတ်ပူတတ်လို့ပါ။ ရှထုံ (ခ) လျှာထုံ ကုထုံးကိုသာ ပြောလိုက် ပါဆိုပြီး
ပြန်ပြောလာတာကြောင့် ခလေးမိခင်ဖြစ်သူရဲ့အကောင့် Cb ကို ခလေးအား လုပ်ပေးရမဲ့နည်းလမ်းလေးတွေ ပို့ပေးလိုက်တယ်။
ခုတော့........
ခလေးက အခြားခလေးတွေလို ပုံမှန် မဟုတ်ပေမဲ့ အရင်လို ထစ်ခြင်း အခြင်း လေးလံခြင်းမရှိတော့ပဲ အရင်က.......
ဖေ.........ဖေ.....
မေ........မေ.....ဆိုပြီး ခေါ်ရာကနေ ခုဆို ဖေဖေ မေမေ ဆိုပြီး
ဖြောင့်ဖြောင့် တန်းတန်းခေါ်နိုင်တဲ့အဆင့်ထိိ အဆင်ပြေလာပြီးဖြစ်ကြောင်းနဲ့ စကားလည်း အတော်ပြောဆိုလာပြီးဖြစ်ကြောင်း သိရပါတယ်။
အကိုဆရာရေ.....
အဆင်ပြေတယ်ဗျာ ဆိုပြီး အမျိုးသားဖြစ်သူကပါ ဝင်ပြောလာသလို ကျေးဇူးတင်ကြောင်းကိုလည်း ပြောကြတယ်။
အမှန်တော့.......
ခလေးသူငယ်များ စကားထစ်တာ၊ လေးလံတာ၊ စကားပြောတဲ့အခါ (အထစ်) တစ်လုံးနဲ့ဘတစ်လုံးပြောဖို့ အရှိန်ယူနေရတာမျိုး ဖြစ်နေပါက.....
ရှထုံပင် (ခ) လျာထုံပင် ရဲ့ အမြှစ်ကို ရေသေခြာဆေးပြီး ခလေးငယ်များရဲ့လျှာကို ပွတ်ပေးရုံပါပဲ။ အဲ့လို မကြာမကြာပြုလုပ်ပေးမယ်ဆိုရင် ပုံမှန်အတိုင်း ကောင်းလာနိုင်ပါတယ်ဗျ။
ထိုရောဂါမျိုးက ငယ်စဥ်မှာကုသနိုင်ရင် အကောင်းဆုံးမို့ ကျနော့်မိတ်ဆွေများရဲ့ ပတ်ဝန်းကျင်မှာ ထို ဝေ၊ ဒ၊ နာ ထိုလက္ခဏာမျိုးဖြစ်နေသော ခလေးငယ်များရှိပါက ဒီနည်းလမ်းလေးကို အသုံးပြုကြည့်လို့ရပါတယ်။ (ဘေးထွက်ဆိုးကျိုးလုံးဝမရှိပါ)
ရှထုံ (ခ) လျာထုံ၊ လျာထုံဖို ကို ရခိုင်လူမျိုး နဲ့ ရှမ်းလူမျိုးတွေအများကတော့ အမျိုးမျိုးလုပ်စားကြပါတယ်။
အထူးသဖြင့် ငါးနဲ့ချက်စားရင် ကောင်းပါတယ်။
ဆေးကျမ်းများအဆိုအရ ရှထုံဖိုအပင်ဟာ.....
ပဉ္စငါးပါး အလုံးစုံခါး၏
စပ်ဖျဉ်းဖျဉ်းရှိ၏
အပွင့်သည် စူးရှသောရနံ့ရှိ၏
ပူစပ်သောအရသာရှိ၏ လို့ ဖော်ပြထားပါတယ်။
သူငယ်နာမစင်လို့ သွားရည်များကျနေခြင်း မိတ်ဆွေတို့အနေနဲ့ သွားနာ၊ သွားကို၊က်၊ သွားဖုံးရောင်ခြင်းများဖြစ်ပါက ရှထုံအပွင့်ကို ငုံပေးခြင်း ဝါးပေးခြင်းဖြင့် သက်သာစေနိုင်သလို
ခေါင်းအလွန်ကိုက်ခြင်း၊ လျှာလေးလံခြင်း၊ လျှာ၊ေ၊သခြင်း၊ လည်ချောင်းရောင်ခြင်းများဖြစ်ပါကလည်း ရှထုံးအပွင့် အရွက်အား ဝါးပေးခြင်းဖြင့်သက်သာပျောက်ကင်းနိုင်ပါတယ်ဗျ။
အံဆုံးပေါက်ခြင်း အံဆုံးထွက်ပြီး အဖုအပိန့်ထ၍ ရောင်ခြင်း သွားကိုက်ခြင်းအတွက်.....
အပွင့်ကိုကြိတ်ပြီး သိပ်ပေးခြင်းဖြင့် ၎င်း
ရှထုံးပင် ပဉ္စငါးပါးအား ကျိတ်ပြီး ရလာသောအရည်အား လိမ်းကျံသိပ်ပေးခြင်းဖြင့် သက်သာစေနိုင်ပါတယ် ဗျ။
ခံတွင်းနဲ့ပတ်သတ်တဲ့ အထက်ဖော်ပြပါရောဂါများကို ကုသတဲ့အခါရှထုံးအားအသုံးပြုပြီး
သွားရည်များယိုစီးကျလာပါလိမ့်မယ်
ထိုသို့ဖြစ်လာပါက စိုးရိမ်စရာမရှိပါ။
ထိုသိုဖြစ်ပေါ်လာမှသာ ဝေ၊ဒ၊နာသက်သာလာမှာဖြစ်ပါကြောင်း
မေတ္တာဖြင့် မျှဝေရေးသားလိုက်ပါသည်ဗျ။