1 w - Translate

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ မဟာချိုင်တွင် အလုပ်ရပ်နားခံရသည့် ပရိဘောဂစက်ရုံမှ မြန်မာလုပ်သား ၁၀ဝ ကျော်၏ ခံစားခွင့် ဘတ်တစ်သန်းကျော် ပြန်ရ
ထိုင်းနိုင်ငံ စမွတ်စာခွန်ခရိုင် မဟာချိုင်မြို့နယ်ရှိ ပလတ်စတစ်ဖြင့် ပြုလုပ်သည့် ပရိဘောဂစက်ရုံတစ်ရုံတွင် အကြောင်းမဲ့ အလုပ်ရပ်နားခံရသည့် မြန်မာအလုပ်သမား ၁ဝဝ ကျော်၏ ငွေကြေးအကျိုးခံစားခွင့် ဘတ်တစ်သန်းကျော် ပြန်လည်ရရှိခဲ့ကြောင်း ရွှေ့ပြောင်းအလုပ်သမား သွေးစည်းညီညွတ်ရေးအဖွဲ့ (MWSC) နှင့် အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း (LRF) တို့မှ သိရသည်။
ပြီးခဲ့သည့် ဇူလိုင် ၁၅ ရက်တွင် ထိုစက်ရုံအလုပ်ရှင်က အလုပ်ရုံကို ချွန်ဘူရီသို့ ပြောင်းရွှေ့မည်ဖြစ်ပြီး မလိုက်ပါလိုသည့် အလုပ်သမားများအား ဇူလိုင် ၁၆ ရက်တွင် အလုပ်လာရန်မလိုအပ်တော့ဟု ပြောဆိုခဲ့ရာယင်းနေ့တွင် မြန်မာအလုပ်သမား များက ပုံမှန်အတိုင်းအလုပ်သွားသည့်အခါ အလုပ်ရှင်က အလုပ်ရုံတံခါးကို ပိတ်ထားပြီး ထိုင်းလူမျိုးများကိုသာအလုပ်ဝင်စေခဲ့ကြောင်း သိရသည်။
ထိုစက်ရုံတွင် မြန်မာအလုပ်သမားများသည် ဗီဇာနှင့် ဝေါ့ပါမစ် သက်တမ်းတိုးရန်အတွက် တစ်ဦးလျှင်ဘတ် ၇၅ဝဝ စီ ပေးဆောင်ပြီးဖြစ်သော်လည်း အလုပ်ရှင်က စာရွက်စာတမ်း သက်တမ်းတိုးလုပ်ငန်းစဉ်များ မပြီးဆုံးမီအလုပ်မှ ထုတ်ပယ်ခဲ့ကြောင်း သိရသည်။
ဇူလှိုင် ၁၈ ရက်တွင် အလုပ်ရှင်က အလုပ်သမားများ၏ စာရွက်စာတမ်းများ သက်တမ်းတိုးရန် ပေးဆောင်ထားသည့် ဘတ် ၇၅ဝဝ မှ သွေးစစ်ခများဖြတ်တောက်ပြီး အလုပ်သမားတစ်ဦးလျှင် ဘတ် ၅၂၅ဝ နှုန်းဖြင့် အလုပ်သမား ၁ဝ၄ ဦးအတွက် ဘတ် ၅၄၆ဝဝဝ ပြန်လည်ရရှိခဲ့ကြောင်း LRF မှ သိရသည်။
ထို့အတူ ဇူလှိုင်၂၃ ရက်တွင်အလုပ်သမား ၁ဝ၇ ဦး၏ လက်ကျန် လုပ်အားခ စုစုပေါင်း ၆၉၁၇၁၉ ဘတ်ကို စဝါဒီကမ် (DLPW) ရုံးတွင် အလုပ်ရှင်ထံမှရရှိခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်အထိ မြန်မာအလုပ်သမားများရထိုက်သည့် ငွေ ကြေးအကျိုးခံစားခွင့် ၁ ဒသမ ၂၃ သန်းကျော် ပြန်လည်ရရှိထားပြီး ကျန်ရှိနေသည့် အလုပ်ထုတ်နစ်နာကြေး နှင့် ကြိုတင်မပြောခ (နို့တစ်ကြေး) များကို ထပ်မံရရှိစေရန် ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း LRF က ထုတ်ပြန်ထားသည်။
ဓာတ်ပုံ - MWSC

image