ဂျပန်ဝန်ကြီးချုပ် ရှီဂဲရူ အီရှီဘာ ရာထူးမှနုတ်ထွက်ရန်ဆုံးဖြတ်
*******************
(နိုင်ငံတကာ) ဇူလိုင် ၂၄
ဂျပန်နိုင်ငံတွင် ဇူလိုင်လ ၂၀ ရက်က ကျင်းပခဲ့သည့် အထက်လွှတ်တော် ရွေးကောက်ပွဲ၌ အာဏာရ ညွန့်ပေါင်းအစိုးရက အမတ်နေရာအများစုကို ဆုံးရှုံးခဲ့ပြီးနောက် ဝန်ကြီးချုပ် ရှီဂဲရူ အီရှီဘာအနေဖြင့် ရာထူးမှ နုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

အာဏာရညွန့်ပေါင်းအစိုးရအဖွဲ့တွင် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP) နှင့်ခိုမေတိုပါတီတို့ပါဝင်ပြီး ၎င်းပါတီကြီးနှစ်ခုသည် အထက်လွှတ်တော်တွင် အမတ်နေရာ အလုံအလောက် မရရှိခဲ့ပေ။

ထို့ကြောင့် ဝန်ကြီးချုပ် အီရှီဘာအနေဖြင့် ၎င်း၏ရာထူးမှတရားဝင်နုတ်ထွက်ခြင်းကို ယခုနှစ် ဩဂုတ်လ အကုန်ပိုင်းတွင် ထုတ်ပြန်ဖွယ်ရှိသည်။

ရွေးကောက်ပွဲ၌ LDP ရှုံးနိမ့်ပြီးနောက် ဝန်ကြီးချုပ်အီရှီဘာသည် ယခင်ဝန်ကြီးချုပ်ဟောင်းများဖြစ်သည့် ယူရှီဟီ ဒေဆူဂါ၊ ဖူမီယို ကီရှီဒါနှင့် တာရိုအာဆိုတို့နှင့်တွေ့ဆုံ၍ တောင်းပန်သွားမည် ဖြစ်ကြောင်း အစိုးရအဖွဲ့မှ အရင်းအမြစ်များကပြောသည်။

ရွေးကောက်ပွဲတွင် အမတ်နေရာအလုံအလောက်မရရှိခြင်းသည် ဝန်ကြီးချုပ် အီရှီဘာ ဦးဆောင်သည့် LDP အတွက် ဒုတိယအကြိမ်မြောက်ဆုံးရှုံးမည် ဖြစ်သည်။

အီရှီဘာ၏ပါတီသည် ပြီးခဲ့ သည့် အောက်လွှတ်တော်ရွေးကောက်ပွဲတွင်လည်း လိုအပ်သည့် အမတ်နေရာမရရှိခဲ့သော်လည်း အတိုက်အခံ ပါတီအတွင်း၌ ဖြစ်ပွားနေခြင်းကြောင့် အီရှီဘာအနေဖြင့် ကွဲပြားမှုနှင့်သဘောထား ကွဲလွဲမှုများ ရာထူးမှ မနုတ်ထွက် ခဲ့ရခြင်းဖြစ်ကြောင်း TS သတင်းဌာနဖော်ပြချက်အရ သိရသည်။

image