ယူနက်စကိုက ပါလက်စတိုင်းကို အဖွဲဝင်နိုင်ငံအဖြစ်ဝင်ရောက်ခွင့်ပြုတာကြောင့် အမေရိကန်နှုတ်ထွက်
*******************
(နိုင်ငံတကာ) ဇူလိုင် ၂၄
ယူနက်စကိုက ပါလက်စတိုင်းကို အဖွဲ့ဝင်နိုင်ငံဖြစ်ဝင်ခွင့်ပေးဖို့ ဆုံးဖြတ်လိုက်တာကြောင့် အမေရိကန်ပေါ်လစီနဲ့ ကွဲလွဲနေသလို အစ္စရေးဆန့်ကျင်ရေးအမြင်တွေကို တိုးလာစေတာကြောင့် နှုတ်ထွက်ရတာလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ယူနက်စကိုဟာ America First ဆိုတဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ဆန့်ကျင်တဲ့ အတွေးအမြင်စနစ်တွေကို အားပေးနေတဲ့အဖွဲ့လို့ စွပ်စွဲထားပါတယ်။

ပဲရစ်အခြေစိုက် ကုလသမဂ္ဂ ပညာရေး ၊သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ ယူနက်စကိုကနေ အမေရိကန်နုတ်ထွက်ဖို့ သမ္မတဒေါ်နယ်ထရန့်က ဆုံးဖြတ်လိုက်ပြီလို့ အိမ်ဖြူတော်က ဇူလိုင် ၂၂ ရက်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

သမ္မတ ထရွမ့်ရဲ့ ဆုံးဖြတ်ချက်ဟာ လာမယ့်နှစ်ကုန်မှာ စတင်သက်ရောက်မှုရှိမှာဖြစ်ပြီး သမ္မတအဖြစ် ပထမအကြိမ်တာဝန်ယူစဉ်ကလည်း ခုလိုဆုံးဖြတ်ခဲ့ပေမယ့် ဂျိုးဘိုင်ဒင်လက်ထက်မှာ ယူနက်စကိုအဖွဲ့ဝင်ပြန်ဖြစ်လာကာ ယခုနုတ်ထွက်ဖို့ဆုံးဖြတ်မှုဟာ ဒုတိယအကြိမ်ဖြစ်တယ်လို့လည်း သိရပါတယ်။

ယူနက်စကိုအဖွဲ့ကို ဒုတိယကမ္ဘာစစ်အပြီး ပညာရေး၊ သိပ္ပံနဲ့ယဉ်ကျေးမှုကဏ္ဍတွေမှာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ဖို့ ၁၉၄၅ ခုနှစ်၊ နိုဝင်ဘာက တည်ထောင်ခဲ့တာဖြစ်ပါတယ်။

ယူနက်စကိုအကြီးအကဲ အော်ဒရေ အဇူလေ ကတော့ ထရန့်ရဲ့ ဆုံးဖြတ်ချက်ကြောင့် အလွန်စိတ်မကောင်းဖြစ်ရပေမယ့် ယူနက်စကိုက အဲဒီအတွက်ကြိုတင်မျှော်လင့် ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။

အမေရိကန်ရဲ့ထောက်ပံ့မှုဟာ ယူနက်စကို က ရတဲ့ ရန်ပုံငွေရဲ့ ရှစ်ရာခိုင်နှုန်းတယ်လို့လည်း အော်ဒရေကပြောပါတယ်။

ယူနက်စကိုကို ထူထောင်ခဲ့တဲ့နိုင်ငံတွေထဲမှာ အမေရိကန်လည်းပါဝင်နေပြီး လစ်ဘာတီရုပ်တုအပါအဝင် အမေရိကန်ပြည်ထောင်စုက နေရာ ၂၆ ခုဟာ ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်း ပါဝင်နေပါတယ်။

image