ထန်းသီးမုန့်လုပ်မယ်ဆိုရင်တော့ . . .
ငကျွဲဆန် ၄ လုံး
ငစိန်ဆန် ၄ လုံး
ထန်းလျက် ၇ဝ ကျပ်သား
ထန်းသီးမှည့် ၂ လုံး
ဆား တစ်ကျပ်သား
ဆော်ဒါ တစ်ကျပ်သား
ဖီးကြမ်းငှက်ပျောသီး ၃ လုံး
လိုအပ်ပါတယ်။
ပထမဆုံးဆန္ကို ရေစိမ်ပြီး ကြိတ်ရပါမယ်။ ကြိတ်ထားတဲ့မုန့်နှစ်တွကေို ရေစစ်သွားအောင် အေလး အပင်တစ်ခုခုနဲ့ ဖိထားရပါမယ်။ ထန်းသီးအမှည့် ၂ လုံးကို အနှစ်တိုက်ယူ ထားရပါမယ်။ ထန်းလျက်ကို ရေ ၃ ခွက်နဲ့ ကျိုရပါမယ်။ ထန်းလျက်ကျိုတဲ့အခါ အနှစ်တိုက်ပြီးသား ထန်းသီးအနှစ်များကိုပါ ရောကျိုရမှာဖြစ်ပါ တယ်။
အဲဒီနောက် ကြိတ်ပြီး ရေစစ်ထားတဲ့မုန့်နှစ်ခဲကို ရေသုံးခွက်နဲ့ ဖျော်ရပါမယ်။ မုန့်နှစ်ဖျော်ရည်ထဲကိုမှ တစ်ခါ ဖီးကြမ်းငှက်ပျောသီးသုံးလုံးကို အခွံနွှာပြီး ဆန်ခါ နဲ့ တိုက်ချရမှာဖြစ်ပါတယ်။ ဆော်ဒါကို ရေနွေးနဲ့ဖောက် ပြီး ဆားနဲ့အတူ မုန့်နှစ်ရည်ထဲကို လောင်းထည့်ရပါမယ်။ တစ်ဆက်တည်းမှာပဲ မုန့်နှစ်ရည်ထဲကို စောစောက အသင့်ကျိုထားတဲ့ ထန်းလျက်နဲ့ ထန်းသီးနှစ်တို့ကိုပါ ရောထည့်ရမှာဖြစ်ပါတယ်။
မုန့်နှစ်ရည်ထဲမှာ အားလုံးစုံတဲ့အခါ မုန့်နှစ်ရည်ကို ရောမွှေပြီး မုန့်ပေါင်းမယ့်အိုးထဲထည့်ပြီး မုန့်ကို ပေါင်းရမှာဖြစ်ပါတယ်။ မုန့်ပေါင်းပြီးလို့ မုန့်နပ်တဲ့အခါမှာတော့ အငွ့တထောင်းထောင်းထပြီး ထန်းသီးနံ့သင်းပျံ့ပျံ့နဲ့ ထန်းသီးမုန့်ကို ရရှိပြီဖြစ်ပါတယ်။
ထန်းသီးမုန့်ကို အနေတော်လေးတွေ ကပ်ကြေးနဲ့ ညှပ်ပြီး အုန်းသီးဆံဖြူးကာ အရသာရွိရွိ သုံးဆောင်နိုင် ကြပါတယ်ရှင်။ တချို့ကတော့ အုန်းသီးဆံနဲ့ သာမက သကြားလေးပါဖြူးပြီး ချိုချို ဆိမ့်ဆိမ့်မွှေးမွှေးလေး စားသုံးလေ့ရှိ ကြပါတယ်။
မြန်မာ့မုန့်ပဲသရေစာများထဲမှာ ထန်းသီးမုန့်ဟာလည်း လူကြိုက်များလှတဲ့ သရေစာတစ်မျိုးဖြစ်ပါတယ်။ မနက်အစောစော သရေစာအနေနဲ့ပဲဖြစ် ဖြစ်၊ နေ့လယ်နေ့ခင်း အဆာပြေပဲဖြစ်ဖြစ် ရေနွေးကြမ်းပူပူလေးနဲ့ တွဲဖက်သုံးဆောင် နိုင်သလို ဧည့်သည်လာတဲ့အခါ ဧည့်ဝတ်ပြုရင်လည်း မျက်နှာပန်းလှတဲ့ သရေစာထန်းသီး မုန့် ဖြစ်ပါတယ်။
ထန်းသီးမုန့်ထဲမှာပါဝင်တဲ့ အာဟာရဓာတ်တွေကို လေ့လာတဲ့အခါ ကျန်းမာရေးဝန်ကြီးဌာန၊ အာဟာရဌာန ခွဲကထုတ်ဝေတဲ့ မိသားစုအာဟာရနှင့် မြန်မာ့အစားအစာ စာအုပ်အလိုအရ ထန်းသီးမုန့်စားသုံးမှု ၁ဝဝ ဂရမ်မှာ အင်အားဓာတ် ၁၅ဝ ကီလိုကယ်လိုရီအပြင် ပရိုတင်း ၃.၂ ဂရမ် ပါဝင်တာတွေ့ရပါတယ်။
မြန်မာ့အစားအစာနဲ့ အာဟာရဆိုတဲ့အတိုင်း အစားအစာအနေနဲ့ အာဟာရဓာတ်များ ရရှိနိုင်တာမို့ မြန်မာ့လျာ၊ မြန်မာ့ခံတွင်းနဲ့ လိုက်ဖက်လှတဲ့ မြန်မာ့မုန့်ပဲ သေရစာမ်ားကို နှစ်ခြိုက်ခုံမင်စွာ စားသုံးသင့်လှပါတယ်။
ချစ်စွာသောစာရှုသူများရှင်
အခုလအတွက် မြန်မာ့မုန့်ပဲသရေစာများထဲက ထန်းသီးမုန့် ပြုလုပ်စားသုံးပုံများနဲ့ အာဟာရတန်ဖိုးများအကြောင်းကို တင်ပြလိုက်ရပါတယ်ရှင်။ ထန်းသီးပေါတဲ့ဒေသတွေမှာတော့ ထန်းသီးမှည့် စစ်စစ်လေးနဲ့ပြုလုပ်ထားတဲ့ ရွှေဝါရောင်အဆင်းနဲ့ ထန်းသီးမုန့်မွှေးမွှေးလေးတွေကို အားပါးတရ သုံးဆောင်နေကြတာ မြင်ရုံနဲ့တင် သွားရည်ကျစရာကောင်းလှတဲ့အကြောင်း သတင်းကောင်းပါးပါရစေရှင်။

