ဗိုက်ခေါက်အဆီတွေ လောင်ကျွမ်းဖို့အတွက် အလေ့အကျင့်ကောင်းများ
ဒီအလေ့အကျင့်လေးတွေက ခေါင်းမာတဲ့ ဗိုက်ခေါက်က အဆီပိုတွေကို လောင်ကျွမ်းစေဖို့ ကူညီပေးပါလိမ့်မယ်။
၁။ တစ်နေ့ကို ခြေလှမ်း 8ထောင် -1 သောင်း လျှောက်ပါ
နေ့စဉ် ပုံမှန် လမ်းလျှောက်တာက ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို ကောင်းမွန်စေပြီး အဆီလောင်ကျွမ်းမှုကို အားပေးပါတယ်။
၂။ အိပ်ရေးဝဝအိပ်ပါ (၇-၉ နာရီ)
အိပ်ရေးဝခြင်းက ဟော်မုန်းတွေကို ထိန်းညှိပေးပြီး ဗိုက်ပတ်လည် အဆီစုတာကို လျော့ပါးစေပါတယ်။ အိပ်ရေးမဝရင် အဆီစုစေတဲ့ ဟော်မုန်းတွေ ထွက်လာနိုင်ပါတယ်။
၃။ တစ်ပတ်ကို ၃-၄ ကြိမ် strength train လုပ်ပါ
ကြွက်သားတွေကို အသုံးပြုပြီး လေ့ကျင့်ခန်းလုပ်တာက metabolism ကို မြှင့်တင်ပေးပြီး အနားယူနေချိန်မှာတောင် calories ပိုလောင်ကျွမ်းစေပါတယ်။
၄။ မနက် ၁၀ နာရီမတိုင်ခင် protein 30g စားပါ
မနက်စာမှာ protein များများစားတာက ဗိုက်ပြည့်စေပြီး တစ်နေ့တာလုံး အစားအသောက်စားချင်စိတ်ကို ထိန်းချုပ်ပေးနိုင်ပါတယ်။
၅။ slight calorie deficit ဖြစ်အောင်နေပါ
စားသုံးတဲ့ calories ပမာဏကို လျှော့ချပြီး သုံးတဲ့ calories ထက် နည်းအောင်စားတာကို ဆိုလိုပါတယ်။ ဒါမှ ခန္ဓာကိုယ်က အဆီတွေကို စွမ်းအင်အဖြစ် ပြောင်းလဲအသုံးပြုပါလိမ့်မယ်။
၆။ processed seed oils တွေကို ရှောင်ပါ
Processed seed oils တွေက ရောင်ရမ်းမှုကို ဖြစ်စေပြီး ဗိုက်အဆီစုတာကို အားပေးနိုင်ပါတယ်။
ရ။ liquid calories (sodas, juices) တွေကို ဖြတ်ပါ
အချိုရည်တွေ၊ ဖျော်ရည်တွေမှာ မလိုအပ်တဲ့ calories တွေ အများကြီးပါဝင်တာကြောင့် ဗိုက်ခေါက်ကို ပိုထွက်စေနိုင်ပါတယ်။ ရေများများသောက်တာက အကောင်းဆုံးပါပဲ။
၈။ breathwork နဲ့ စိတ်ဖိစီးမှု ထိန်းချုပ်ပါ
စိတ်ဖိစီးမှုများတာက cortisol လို ဟော်မုန်းတွေကို မြင့်တက်စေပြီး ဗိုက်အဆီစုတာကို အားပေးနိုင်ပါတယ်။ Breathwork လိုမျိုး နည်းလမ်းတွေနဲ့ စိတ်ဖိစီးမှုကို လျှော့ချပါ။
သေးငယ်တဲ့ နေ့စဉ်အလေ့အကျင့်လေးတွေက ခန္ဓာကိုယ်အတွက် ကြီးမားတဲ့ ပြောင်းလဲမှုတွေကို ဖြစ်စေနိုင်ပါတယ်။