F1 က ထင်ထားသလောက်ကောင်းရဲ့လား။ ကြည့်ဖို့တန်လားဆိုတာ ဒီတစ်ခေါက် Review လုပ်ပေးမယ်။(Spoiler ပါနိုင်ကြောင်း) ဒီဇာတ်ကားကိုမကြည့်ခင်သိထားဖို့က ဒါက ဇာတ်ကားဖြစ်လို့ Reality မဆန်ဘူး မဖြစ်နိုင်ဘူးဆိုပြီး တွေးမိနိုင်တယ်။ ဒီလိုတွေးတဲ့သူတွေက F1 ပြိုင်ပွဲတွေကို Crazy ဖြစ်တဲ့သူဖြစ်နိုင်တယ်။ အရမ်း Crazy ဖြစ်တဲ့ ကောင်တွေက သာမန် လူတွေထက် ပြိုင်ပွဲအကြောင်း Driver တွေရဲ့ ဘဝကိုသာမန်လူတွေထက်ပိုသိကြတာဆိုတော့ ဇာတ်လမ်းကပြတာကိုသဘောမကျတာဖြစ်နိုင်တယ်။ သာမန်အတိုင်းဇာတ်ကားကို ဇာတ်ကားလိုကြည့်ရင်တော့ ရှယ်လန်း ရှယ်မိုက်ပါတယ်။
ပထမဆုံး မိုက်တာလေးတွေပြောမယ်။ Soundtrack တွေရှယ်မိုက်တယ် camera angel နဲ့ ရိုက်ချက်တွေ ရှယ်လန်းတယ် IMAX ပေါ်မှာပိုမိုက်တယ်ပြောကြတယ် ကိုယ်တွေကြည့်ရတဲ့ ရုံခိုးတောင်မိုက်နေတာ IMAX ဆိုပိုမိုက်မှာက ေသ ချာတယ်။ Soundtrack က Hans Zimmer လက်ရာဖြစ်ပြီး ရိုက်ပေးတဲ့ Director က Top Gun Maverick ရိုက်ပေးတဲ့ Director Joseph Kosinski တို့ရဲ့လက်ရာပါ။ နောက်ပြီး ကြည့်တဲ့သူတွေ သတိထားမိလားတော့မသိဘူး။ Apple ကထုတ်ရင်အခြား studio တွေထက် camera angle ယူပုံတွေ camera movement လုပ်ပုံတွေကထူးကိုထူးတယ်။ Apple ရဲ့ Signature ပါတယ်လို့ကိုခံစားရတယ်။(Ghosted နဲ့ F1 ရဲ့ Camera Angle နဲ့ Top Gun Maverick Camera Angel ယူပုံကိုယှဥ်ကြည့်ပါရန်)
ဒီဇာတ်ကားကိုအဓိက carry သွားတာက မင်းသားကြီး Javier Bardem နဲ့ Brad pitt တို့ပဲကြည့်ရတာအရမ်း chemistry မိတယ်။ သူတို့သရုပ်ဆောင်ချက်တွေက ကြည့်တဲ့သူတွေကိုလည်း ဇာတ်ကောင်တွေ ဘာခံစားနေရတယ်ဆိုတာ ခံစားမိအောင်သရုပ်ဆောင်ထားတာအရမ်းကြိုက်တယ်။ ဇာတ်ကားကတော့ F1 ဆိုတဲ့အတိုင်း F1 ကားပြိုင်ပွဲတွေအကြောင်း နဲ့ အရင် Formula One driver Sonny(Brad) ရဲ့အမြင်အပေါ်အခြေခံပြီး ဖန်တီးထားတယ်။ အဲ့တာကြောင့် ဒီဇာတ်ကားက F1 ပြိုင်ပွဲတွေအကြောင်းဆိုတာထက် F1 ပြိုင်ပွဲဝင်တွေရဲ့ ဘဝ အကြောင်းကိုရိုက်ပြတာဆိုပိုမှန်တယ်။ F1 မှာမြန်လို့နိုင်တာထက် Team work ကိုပြထားတာလေးလည်းမိုက်တယ်။ Skills ထက် Experience ကိုသေချာမြင်အောင်ပြထားတာလည်း တကယ်သဘောကျစရာကောင်းတယ်။ နောက်တစ်ခုက မပါမဖြစ် Rookie နေရာကပါတဲ့ Damson ကလည်း သူ့နေရာနဲ့သူလိုက်တယ် လွတ်ထွက်နေတာမျိုးမရှိဘူး။ လူမဲဖြစ်လို့ ဘာညာဆိုပြီး တလွဲလုပ်ထားတာမရှိဘူး။ လူငယ် ပြောစကားနားမထောင် ကိုယ့်အောင်မြင်မှုနဲ့ပျော်နေပြီး ငါသိတယ်ကွ ဆိုတဲ့ပုံစံမျိုး။ Skill လေးနည်းနည်းရှိတာနဲ့ကိုယ့်အဖေလောက် Experience ရှိတဲ့သူကိုကျော်ချင်တဲ့ ငနဲသားနေရာကပါထားပေမဲ့ ဇာတ်ကောင်နဲ့ တကယ်လိုက်တယ်။ F1 Driver တွေရဲ့အောင်မြင်မှု က ပြိုင်ပွဲအတွက် ဘယ်လိုထိခိုက်မှုရှိနိုင်လဲဆိုတာ လည်းပြထားတယ်။ ဒါပေမဲ့ Movie ကတကယ့်ပြိုင်ပွဲရဲ့ Rule နဲ့ Strategy ပေါ်တော့ အခြေခံမှုနည်းတယ်လို့သိရတယ်။ ဇာတ်ကား ကလည်း တကယ့်ပြိုင်ပွဲ ပြေးလမ်းပေါ်မှာရိုက်ထားတာဖြစ်လို့ ကြည့်ရတာပိုပြီး Authentic ဖြစ်တယ်လို့ခံစားရတယ်။ မကြိုက်တဲ့သူတစ်ချို့က Brad character ကို F1 Racing အတွက် Modern နည်းပညာအတိုင်းလေ့ကျင့်ခန်းမလုပ်ဘူးလားလို့ပြောကြတယ် အရင်ကပြိုင်ခဲ့ပေမဲ့ ပြိုင်ပွဲကိုပြန်လာရင် လေ့ကျင့်မှုတွေကတော့ပြန်စရမှာပဲလို့ ထောက်ပြကြပါတယ်။
အရင်က F1 ပြိုင်ပွဲဆိုရင် ပြိုင်ပွဲဝင်တွေ လစာများတာရယ် ကားရှယ်မောင်းတာရယ် ကားအချင်းချင်းတိုက်ရင် ပေါက်ကွဲတာ နဲ့ ကားမောင်သမားတွေ ဆော်ချောလေးတွေနဲ့ပဲ တွဲတာပဲသိတဲ့ သူတွေအတွက်လည်း F1 က F1 ကားပြိုင်သမားတွေရဲ့ Life ကိုပြထားတာဖြစ်လို့ ကြည့်သင့်တဲ့ movie တစ်ခုပါ။ ကားပြိုင်ပွဲကြိုက်တဲ့သူတွေအတွက်လည်း လက်မလွတ်သင့်တဲ့ Movie တစ်ခုပါပဲ Soundtrack VFX အကုန်မိုက်တဲ့ movie တစ်ခုပါ။ မကြည့်ရသေးရင်တော့ cam version တင်ပေးပါမယ်။
လက်ရှိ F1 က Total Budget ကို 300 to 400 million ဝန်းကျင်သုံးထားပြီး Total Box Office က 460 million ရထားပါတယ်။ မကြာခင် အရင်းပြန်ရပြီး စမြတ်ပါတော့မယ်။
Personal Rating ဆိုရင် 8.9/10 ပေးပါတယ်။တကယ်ကြည့်ရတန်တဲ့ movie တစ်ခုပါပဲ။
IMDB ကတော့ 7.9/10 ရထားပါတယ်။
