All of Us Are D@ad Season 2 လာမည်။
Zombie စီးရီးဖြစ်တဲ့ All of Us Are Dead ရဲ့ Season 2 ကိုလည်း Netflix က တရားဝင်ကြေညာခဲ့ပါတယ်။ ပထမ season မှာ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ ကျောင်းသားတွေဟာ zombie ကမ္ဘာမှာ ဆက်လက်ရှင်သန်ဖို့ ကြိုးစားရမှာဖြစ်ပြီး၊ ပိုမိုကြီးမားတဲ့ အန္တရာယ်တွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
Yoon Chan-young, Park Ji-hu, Lomon နဲ့ Cho Yi-hyun တို့လို မူလသရုပ်ဆောင်တွေ ပြန်လည်ပါဝင်လာမှာဖြစ်ပြီး၊ Season 2 မှာ ဇာတ်ကောင်အသစ်တွေလည်း ပါဝင်လာမှာဖြစ်ပါတယ်။
အသစ်ပါဝင်လာသူတွေကတော့ တိုက်ခိုက်ရေးမှာကျွမ်းကျင်ပြီး ကိုယ်ပိုင်ရှင်သန်ရေးနည်းလမ်းတွေနဲ့ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ တက္ကသိုလ်ကျောင်းသားကြီးသုံးဦးအဖြစ် Lee Min-jae, Kim Si-eun နဲ့ Yoon Ga-i တို့ ဖြစ်ကြပါတယ်။ ဒါ့အပြင် ဇာတ်လမ်းကို ပိုပြီးတင်းမာမှုတွေနဲ့ ပြည့်စုံစေမယ့် အမျိုးသားထောက်လှမ်းရေးအဖွဲ့ (National Intelligence Service) ရဲ့ အဖွဲ့ခေါင်းဆောင် Han Du-seok အဖြစ် Roh Jae-won ကလည်း ပါဝင်လာမှာ ဖြစ်ပါတယ်။ Season 2 ကို ၂၀၂၆ ခုနှစ်မှာ ပြသနိုင်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။
Mr.Wilddog ရေးသည်။

image