1 w - Translate

#ခရီးကြမ်းမှ_မညှိုးပန်း
#မောင်ပေါ်ထွန်း (ဘာသာပြန်)
📖📖📖📖📖
' ခရီးကြမ်းမှ မညှိုးပန်း' ဆိုသလိုပဲ။
ဒီအုပ်ထဲပါတဲ့ ဇာတ်ကောင်ဟာ အသက် ၁၃ နှစ်သာ
ရှိသေးတဲ့ မိန်းမငယ်လေး။ အရွယ်လေးနဲ့မမျှအောင် သတ္တိရှိလွန်းနေတာတော့ တကယ့် မညှိုးပန်းလေးပဲ ။
ခရီးကြမ်းကို တစ်ယောက်တည်း ဖြတ်လျှောက်ရင်း ၊
သူ့လိုပဲ မညှိုးပန်းလေးတစ်ပွင့် ။
ဘုဆတ်ဆတ်နဲ့ ကြုံလာသမျှအခက်ခဲတွေကို
ရင်ဆိုင်ဝံ့တဲ့ 'အဇစ်'ဆိုတဲ့ ကောင်ငယ်လေးရယ်၊ နောက်ထပ် မညှိုးပန်းလေးတွေရယ်။
📖
တော/တောင်ကန္တာရနဲ့ လျှိုမြောင်ချောက်ကမ်းပါးတွေ၊ မြေမြှုပ်မိုင်းကွင်းတွေကို ဖြတ်ကျော်ရင်း ၊
' ဘယ်မှာ ဘယ်လို အဆုံးသတ်သွားမလဲ'ဆိုတဲ့
စိတ်နဲ့ ဖတ်ရတာကိုက ရင်တမမနဲ့။
ဆွဲဆောင်နိုင်လွန်းတာထက် ပိုပါတယ်။
📖
ဒီစာအုပ်လေးက
အာဖဂန်နစ္စတန်ရဲ့အနှစ် (၂၀)ကျော်ကြာ
ပြည်တွင်းစစ်ကာလကို အကြောင်းပြုထားတာပါ။
စာအုပ်ထဲပါတဲ့ ဇာတ်ကောင်တွေက
လူမမယ် ကလေးလေးတွေပေါ့...။
အပြန်အလှန်ပြောစကားလေးတွေက
အပြစ်ကင်းစင်သလို၊ တချို့
စာမျက်နှာတွေကျတော့လည်း ရင်နာရတာပဲ။
စာမျက်နှာပေါင်း ၂၅၀ကျော်တယ်။
ပေါ့ပေါ့ပါးပါးလေးနဲ့ ဖတ်လို့ကောင်းပြီး၊
ဖတ်ပြီးသွားတဲ့အခါလည်း စဉ်းစားစရာတွေ
အများကြီးနဲ့ ။
🔖
မူရင်းစာရေးဆရာမရဲ့ ရည်ရွယ်ချက်ကတော့
" ရှိသင့်သည်ထက် ပို၍ သတ္တိရှိကြရန်၊
ကျွန်ုပ်တို့ တွန်းအားပေးလိုသည့်
ကလေးသူငယ်များသို့... " တဲ့။
#parvara's Journeyဆိုတဲ့ ဒီစာအုပ်က
#အရောင်းရဆုံးစာရင်း၀င်တဲ့စာအုပ်ပါတဲ့။?

image