📖🔖
'ထိမ်းမြှားလက်ထပ်ခြင်းဟာ အချစ်ရဲ့သင်္ချိုင်းပဲ'ဆိုတဲ့ စာလေးတစ်ပိုဒ်ကြောင့် ဒီစာအုပ်လေးကို
ရှာဖတ်ဖြစ်ခဲ့တယ် ။
📖 စာအုပ်ရဲ့အမည်က ' အပြင်ကလူ 'တဲ့လေ။
🔖
စာအုပ်ရဲ့အစမှာ 'အေး' နဲ့ ' သူ' ဟာ
မိတ်ဆွေဟောင်းအဖြစ်နဲ့ ပြန်လည်ဆုံတွေ့ပြီး
သူ့ရဲ့အကြောင်းတွေကို သိပ်ပြီးရင်ဖွင့်ချင်နေတဲ့
လူတစ်ယောက်ပေါ့။
'အေး'ကတော့ နားထောင်သူ၊ ဖြောင်းဖျသူ ။
🔖ဇာတ်ကောင်တွေကတော့ ' အေး ၊ နုနု ၊ သူ ' တဲ့။
📖
' အချစ်ဆိုတာဟာလည်း အနိစ္စပဲ အေးရဲ့ ...။
အဲဒါပေါ့ ။ ကျွန်တော်နုနုနဲ့ မရမ်းခြံကို
ပြောင်းကြတဲ့နေ့က ပြောမိတာ။
ကျွန်တော်တို့ဟာ အချစ်အတွက်ပဲ
ပေါင်းသင်းကြစတမ်းလို့၊
အချစ်ပြယ်သွားတဲ့တစ်နေ့မှာ သားသမီးဆိုတာ
အတွက်တောင် မငဲ့ဘဲ ခွဲခွါကြစတမ်းလို့...'
(စာအုပ်ထဲက စာသားတချို့ ။)
🔖
အေးနဲ့သူရဲ့ ပြောစကားများအရ ဒီစာအုပ်လေးဟာ
သိပ်တွေးလို့ကောင်းတဲ့ ၊ဆွေးနွေးချင်စရာကောင်းတဲ့ စာအုပ်တစ်အုပ်လို့ မြင်မိတယ်။
တွေးမိတာတွေလည်းရှ်ိလာသလို ၊
မေးချင်မိတာတွေလည်း ရှိလာတယ်။
📖
' လောကမှာ ဘာမှလည်း လိမ်နေစရာ မလိုပါဘူး။
လူတိုင်း လွတ်လပ်တာပဲ။ ဘယ်သူ့ကိုမှ မထိရင် ၊
မငြိစွန်းရင် ကိုယ်လုပ်ချင်ရာ ကိုယ်လုပ်နိုင်တာပါပဲ' တဲ့။ (သဘောကျမိတဲ့ စာပိုဒ်လေးပေါ့)
အဲဒီတော့ ....
ကိုယ်ကတော့ 'သူ့'ကို စိတ်ကူးယဉ်ကမ္ဘာထဲမှာ
မျောပြီး ကိုယ်အတ္တနဲ့ ကိုယ်ရှေ့ဆက်နေတဲ့
ယောက်ျားတစ်ယောက်လို့မြင်ပြီး ၊
နုနုကိုတော့ သာမန်မိန်းမတွေရဲ့လိုချင်လောဘနဲ့
အတ္တရှိနေတာရယ် ၊ တစ်ဖက်လူအပေါ် respectမရှ်ိဘူးလို့လည်း မြင်လာမိတယ်။
🔖
ဒါကတော့ 'အပြင်ကလူ'ကို ပထမဆုံး
ဖတ်တုန်းက ကိုယ့်ရဲ့အမြင်ပေါ့။
အဲနောက် ဆရာမ ကြည်အေးရဲ့အမှာစာမှာ
ရေးပြထားသလို 'အပြင်ကလူ-၂'
(အေးရဲ့ဖွင့်ဟ၀န်ခံချက်)ကို ဖတ်ပြီးနောက်တော့ ဇာတ်ကောင် ၃ယောက်စလုံးကို အမြင်တစ်မျိုးစီ
မြင်လာရပြန်ရော ။
ဒီစာအုပ်လေးကို ဖတ်ဖူးတဲ့သူတွေရော
ဘယ်လိုမြင်မိလဲ ။ စာအုပ်ရဲ့ reviewဆိုတာထက် #ဆွေးနွေးချင်မိတဲ့စာအုပ်တစ်အုပ်ပေါ့ကွယ်။
📚#အပြင်ကလူ?
📚#ကြည်အေး 🔖
