ဆရာမဂျူးရဲ့ စာအုပ်တွေထဲမှာ မကြိုက်တဲ့စာအုပ်ဆိုတာ မရှိဘူး။ဖတ်ဖူးသမျှစာအုပ်တွေအကုန်လုံးကို နှစ်သက်ရတယ်။အခုလည်း ဒီစာအုပ်ဖတ်ပြီးတော့ ဇာတ်ကောင်တွေက ကိုယ့်ရဲ့စိတ်ထဲမှာ နေရာအပြည့်ယူထားပြန်တယ်။
မြရွက်ညို၊မမ၊ဇင်မီ၊သင်သင်ခိုင်၊ခင်လှဝေ
မြင့်မိုရ်၊တင်မင်းသော်၊ဝေဘုန်း၊ဇော်ခင်
မန္တလေးဆေးတက္ကသိုလ်က ဆေးကျောင်းသူ၊ဆေးကျောင်းသားတွေရဲ့ ကျောင်းသားဘ၀အဖြစ်အပျက်တွေ
အလုပ်သင်ဆရာ၀န်ဘ၀ရဲ့ အဖြစ်အပျက်တွေ
ငယ်ဘ၀မှာ ရခဲ့တဲ့စိတ်ဒဏ်ရာတွေ၊အိမ်တွင်းအကြမ်းဖက်မှုတွေ၊လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေနဲ့ကြီးပြင်းလာခဲ့ရတဲ့ ဇာတ်ကောင်မိန်းကလေးတွေရဲ့ဘ၀တွေ
ငါ့ဘ၀မှာ အကောင်းဆုံးဆိုတဲ့အရာတွေကိုပဲ လိုချင်ခဲ့လို့ ဝါသနာမပါပင်မယ့် ဆေးကျောင်းရောက်အောင်ကြိုးစားခဲ့တယ် ဆိုတဲ့ သင်သင်ခိုင်
ငယ်ဘ၀မှာ ရခဲ့ကြရတဲ့စိတ်ဒဏ်ရာတွေက အသက်အရွယ်ကြီးပြင်းလာတဲ့အထိ စိတ်ထဲမှာ အမာရွတ်တွေ ထင်ကျန်တတ်ကြတယ်။
`အချစ်ဆိုတာကို ယူပြီဆိုရင် ချိုမြိန်တဲ့ အရသာရော ခါးသီးတဲ့ အရသာကိုပါ စုပေါင်းပြီး ယူရလိမ့်မယ်။ တစ်ခုရှိတာကတော့ ချိုမြိန်တဲ့ အရသာက တစ်ခဏလေးပဲရပြီး ခါးသီးနာကျင်တဲ့ အရသာက တစ်ဘဝလုံးစာကြာတတ်တယ်´
ဇာတ်ကောင်တွေရဲ့ မတူညီတဲ့ခံစားချက်တွေကနေဖြစ်ပေါ်လာကြတဲ့ အချစ်တွေကို အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဟထားတယ်။
ဆရာ၀န်တွေအကြောင်း၊ဆေးလောကအကြောင်းကိုလည်း ဒီစာအုပ်ထဲမှာ လှစ်ဟပြထားပါတယ်။
#ကံကြမ္မာကိုမယုံကြည်ကြသူများ
