1 w - Translate

❝ ဦးခေါင်းကို အပေါင်ထားပြီး
ခွဲစိတ်ကုသခဲ့တဲ့ ဆရာဝန်တစ်ယောက် ❞
_ _ _ _ _ _ _ _
လည်ပင်းကြီးရောဂါသည်
လူနာ တစ်ယောက်ကို ဆရာဝန်တစ်ယောက်က
ခွဲစိတ်ကုသဖို့လုပ်နေတယ်။ ဆရာဝန်က
ခွဲစိတ်ခန်းသုံးဓားကိုကိုင်ထားတယ်။
အဲဒီအချိန်မှာပဲ လူနာရဲ့အပေါင်း
အသင်းတွေကဓားအရှည်တစ်လက်ကို
မြိနေအောင်သွေးပြီးတော့ ဆရာဝန်ကို
မျက်​ခြေမပြတ်စောင့်ကြည့်နေတယ် ။
သူ့သူငယ်ချင်းရဲ့လည်ပင်းကြီးရောဂါကို
ပျောက်ကင်းအောင်ခွဲစိတ်နိုင်တဲ့အခါ
ဒီဆရာဝန်ကို နတ်ဆရာအဖြစ်သတ်မှတ်မယ်။
ခွဲစိတ်တာမအောင်မြင်လို့
သူ့သူငယ်ချင်းသေဆုံးခဲ့ရင်တော့
ဒီဆရာဝန်ရဲ့ခေါင်းကိုဖြတ်ယူထားလိမ့်မယ် ...
ဦးခေါင်းကိုအပေါင်ထားပြီး
လူနာတွေကိုခွဲစိတ်ကုသပေးခဲ့တဲ့
ဆရာဝန်တစ်ယောက်အကြောင်း
ဒါဟာဒေါက်တာသိန်းလှိုင်ပဲ ။
နာဂသိန်းလှိုင်ဆိုတာနဲ့
မြန်မာပြည်ဆရာဝန်လောကမှာ
မသိတဲ့လူဆိုတာ အင်မတန်ရှားပါတယ် ။
နာဂဒေသရဲ့ ရိုးရာဓလေ့တွေထဲမှာ
ဝင်ရောက်စီးမျောပြီး
နယ်ခံရွာခံတိုင်းရင်းသားတွေရဲ့
နေထိုင်စားသောက်မှုပုံစံအတိုင်း
ကျင့်သုံးနေထိုင်နေခဲ့ကာ
တောင်တန်းဒေသတစ်ခုလုံးရဲ့
နိမ့်ကျတဲ့ကျန်းမာရေးတွေကအစ
ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးတွေကိုပါ
ဆောင်ရွက်သွားခဲ့တဲ့ နာဂဒေသရဲ့
မီးရှူးတန်ဆောင်တစ်ခု
"ဆရာဝန်သူရဲကောင်း"တစ်ယောက် ။
ဒီစာအုပ်ကိုဖတ်ပြီးသွားတာနဲ့
မိတ်ဆွေတို့ရဲ့အသည်းနှလုံးထဲမှာ၊
လေးစားအားကျရတဲ့လူပုဂ္ဂိုလ်စာရင်းထဲမှာ
"ဒေါက်တာသိန်းလှိုင်" ဟာ အလိုလျောက်
နေရာယူသွားမှာပါ။ နာဂတိုင်းရင်းသားတွေရဲ့
ရိုးရာဓလေ့တွေ၊ ယဥ်ကျေးမှုတွေနဲ့
လှပတဲ့တောင်တန်းဒေသတွေကိုနောက်ခံထား
ပီပြင်စွာရေးဖွဲ့ထားတဲ့"ဆရာညီပုလေး"ရဲ့
ကောင်းမွန်သန့်ရှင်းတဲ့အရေးအသားတွေနဲ့
ပေါင်းစပ်ဖွဲ့စည်းထားတဲ့ ဒီစာအုပ်ကြီးဟာ
လုံးဝကိုပြီးပြည့်စုံနေတဲ့စာအုပ်တစ်အုပ်ပါပဲ ။

image