❝ လျှော်ဖွပ်ပြီး မီးပူတိုက်ပြီးတဲ့
အင်္ကျီအောက်က အသည်းနှလုံးဟာ
စင်ကြယ်သန့်ရှင်းပါတယ်လို့
ဘယ်သူက အာမခံနိုင်မှာလဲ။
ညစ်ညမ်း တဲ့ ဦးနှောက်တစ်ခုကို
ညီညီညာညာဖြီးသင်ထားတဲ့ ဆံပင်တွေက
အကာအကွယ်ပေးထားနိုင်တယ်လို့
ဘယ်သူ တာဝန်ခံနိုင်မှာလဲ။
ပြိုလဲနေတဲ့ စာအုပ်ပုံနဲ့
တွန့်ကြေနေတဲ့လုံချည်တစ်ထည်ကို
ကမ္ဘာ လောကကြီးက
ကြောက်စရာမလိုလှပါဘူး။ အဲဒါတွေက
ဘာအန္တရာယ်ပေးနိုင်မှာလဲ ❞
( ပန်းပွင့်နှင့်လူ )
