1 w - Translate

ဖတ်မရတော့ဘူး ထပ် Blame ကြရင် နောက် Beta ကြ Frosted Glass ပုံစံ ပြန်ပြောင်းဦးမယ် 🫠
.
Apple ကနေ iOS 26 မှာ Major UI Design ပြောင်းလဲမှုဆိုပြီး Liquid Glass UI ကို မိတ်ဆက်ခဲ့ပေမယ့် အခုထိ တိုင်ပတ်နေဆဲဖြစ်နေပုံပါပဲ။
ဘာကြောင့်လဲဆိုတော့ စစခြင်း Developer Beta Version တွေမှာ Liquid Glass ကြောင့် စာတွေ ဖတ်မရတော့ဘူးဆိုပြီး Complain တက်ကြတဲ့အတွက် Developer Beta 3 မှာ Music App လို နေရာတွေမှာ Liquid Glass အစား Frosted Glass - အနောက်ကို ဖောက်ထွင်းမမြင်ရတော့တဲ့ ပုံစံကို ပြောင်းလဲခဲ့ပါတယ်။
အဲ့ဒီကြတော့လည်း X (Twitter) မှာ Liquid Glass နဲ့မတူတော့ဘူးဆိုပြီး Complain တက်ကြပြန်တယ်... ဆိုတော့ အခု Apple ကနေ iOS 26 Developer Beta 4 ကို ထပ်ထုတ်ပြီး Liquid Glass UI ပုံစံကို ပြန်ပြောင်းသုံးပေးလိုက်ပြီဖြစ်ပါတယ်။
ဒါပေမယ့် လောလောဆယ်အထိ Public Beta မထွက်သေးတော့ တကယ့် iOS 26 Stable Update မှာ ဘယ်လိုပုံစံဖြစ်မလဲမသိသေးဘူး။ အခု Dev Beta 4 မှာ Lock Screen Notification တွေကြည့်ရင် Wallpaper ကို Dark ဖြစ်အောင်လုပ်ပေးလိုက်ပြီး စာတွေ ပိုဖတ်လို့ရအောင်လုပ်ထားတော့ Apple ကိုယ်တိုင်လည်း Liquid Glass UI နဲ့ စာတွေ ကောင်းကောင်းဖတ်ရအောင် Optimize လုပ်နေရတုန်းပဲ ဖြစ်မယ်။​
ဘာပဲဖြစ်ဖြစ် Apple ဘာလုပ်လုပ် Blame ကြမယ့် လူအုပ်ကြီးနဲ့ Apple ကြောင်ပျောက်နေတာတော့ တကယ်ရယ်ရသား... Developer Beta အဆင့်မှာ ဘာမှ တန်းပြီး ဆုံးဖြတ်လို့မရတာလည်း အမှန်ပဲ 🫠

image