VSCO ခေတ် ပြန်ရောက်လာဦးမလား 👀
.
ဟိုးအရင်တုန်းက Camera Photo Editing App - VSCO ကနေ အခုဆို VSCO Capture နာမည်နဲ့ Camera App အသစ်ကို မိတ်ဆက်လိုက်ပါတယ်...။
အခု VSCO Capture App က လက်ရှိ Trend ဖြစ်နေတဲ့ Film Camera Filter Effect တွေကို တန်းပြီး Camera App အနေနဲ့ ရိုက်လို့ရမယ်။ Film Live Preset ပေါင်း ၅၀ ကျော်လောက်ကို ထည့်ပေးထားတဲ့အပြင် ဒီ Preset တွေကို ကိုယ့်စိတ်ကြိုက်ထပ်ပြီး Customize လုပ်လို့ပါရသေးတယ်။
အဲ့အပြင် အခုစမ်းရသလောက် ရိုက်တဲ့ ဓါတ်ပုံတွေကိုလည်း ပုံမှန် HEIC | JPEG Format တွေအပြင် RAW | ProRAW ဆိုပြီး 12MP | 48MP Format တွေနဲ့ စိတ်ကြိုက် ပြောင်းရိုက်လို့ရတယ်။
Camera ရိုက်တဲ့အပိုင်းမှာလည်း Auto Mode | Preset အုပ်ပြီး ရိုက်နိုင်သလို Manual Mode အနေနဲ့လည်း အကုန်လုံးကို Control လုပ်လို့ရမယ်။ သဘောကျမိတာက အခုနောက်ပိုင်း ခေတ်စားလာတဲ့ Dreamy Vibe ပုံစံ Blooming Effect တွေ၊ Halation Effect တွေကိုပါ စိတ်ကြိုက် Customize လုပ်ပြီး ထည့်လို့ရတာပဲ။
ဘာပဲဖြစ်ဖြစ် VSCO က အရင်တုန်းက Camera Filter Preset တွေနဲ့ အောင်မြင်ခဲ့သလို အခု VSCO Capture Camera App ကလည်း တော်တော်လေး မိုက်တဲ့ Film Camera Filter Effect တွေပါလာတယ်။ ပြီးတော့ လောလောဆယ်မှာ ပိုက်ဆံပေးဝယ်စရာမလိုပဲ လုံးဝ Free အခမဲ့ သုံးလို့ရမယ်။
တစ်ခုရှိတာက ထုံးစံအတိုင်း VSCO Capture App က လောလောဆယ်မှာ iPhone တွေအတွက်ပဲ ထုတ်ထားသေးတယ်။ တကယ်ကို အခုနောက်ပိုင်း Halide | Kino | Final Cut Camera လို App တွေအပြီး Adobe ကလည်း iPhone အတွက် Project Indigo App ကို ထုတ်နေတာဆိုတော့ iPhone မှာ Third-party Camera App ကောင်းတာတွေ တဖြည်းဖြည်း ပိုများလာပြီ။
