အိန္ဒိယ App Store မှာ နံပါတ်တစ် app ဖြစ်လာတဲ့ Perplexity
AI သုံးတဲ့ အိန္ဒိယသားတွေတော့ တော်တော်ကို ပျော်နေကြမှာပါ။
မကြာသေးခင်ကပဲ Perplexity က အိန္ဒိယတယ်လီကွန်း Airtel နဲ့ လက်တွဲပါတယ်။ အကျိုးဆက်က ရူပီး ၁၇၀၀၀ (ဒေါ်လာ၂၀၀ တန်) Perplexity Pro ကို Airtel သုံးသူတိုင်း တစ်နှစ် free ရသွားပါတယ်။
အိန္ဒိယက ကမ္ဘာပေါ်မှာ AI အသုံးများဆုံး နိုင်ငံထဲမှာ ပါပါတယ်။ အရင်က ChatGPT free version နဲ့ ပျော်နေတဲ့ အိန္ဒိယ users တွေက Perplexity Pro ကို free သုံးရမှာမို့ စိတ်လှုပ်ရှားနေကြပုံပါပဲ။ Perplextiy ကတော့ အိန္ဒိယ Apple App Store မှာ ChatGPT ကို ကျော်ပြီး လူကြိုက်အများဆုံး နံပါတ်တစ် free App ဖြစ်သွားပါတယ်။
သုတေသနသုံးအတွက် သိပ်ကောင်းတယ်ဆိုတဲ့ Perplexity Pro မှာက GPT- 4.1 , Claude , Grok 4 , Gemini 2.5 စတဲ့ အဆင့်မြင့် AI model တွေထဲ ဝင်သုံးခွင့် ပေးထားသလို ပုံတွေ ဖန်တီးတာမျိုးပါ ရပါတယ်။ တစ်နေ့ကမှ ထွက်ထားတဲ့ Comet AI browser လည်း Pro plan သမားတွေက သုံးခွင့်ရှိပါတယ်။
စိတ်ဝင်စားဖို့ကောင်းတာက Perplexity ကို တည်ထောင်တဲ့သူကလည်း ဘာကလေ ကယ်လီဖိုးနီးယားတက္ကသိုလ်က ကွန်ပျူတာသိပ္ပံ ဒေါက်တာဘွဲ့ရ အသက် ၃၁ နှစ်အရွယ် အိန္ဒိယသားပညာရှင်ပါပဲ။ ၂၀၂၂ မှာ အာရာဗင်း ဆရီနီဗက်စ်က ပါတနာသုံးဦးနဲ့အတူ တည်ထောင်ခဲ့တာပါ။
အဆင့်မြင့် AI ရှာဖွေရေးအင်ဂျင်အဖြစ် စတင်ခဲ့တဲ့ ဒီကုမ္ပဏီက ဝန်ထမ်း ၇၀၀ ခန့်ထားပြီး ပြီးခဲ့တဲ့လထဲမှာ ဒေါ်လာ ၁၄ ဘီလျံတန် လုပ်ငန်းအဖြစ် ရောက်ခဲ့ပါတယ်။ S
