1 w - Translate

လက်ရှိထက် အင်တာနက် ၁၀ ဆကျော် ပိုမြန်မယ့် Starlink 3.0

Starlink ရဲ့ နောက်မျိုးဆက်ဂြိုလ်တုတွေက အင်တာနက် speed ၁၀ ဆမက ပိုလွှင့်ပေးနိုင်တော့မှာပါ။

မျိုးဆက်သစ်ဂြိုလ်တုတွေနဲ့ အဆင့်မြှင့်မယ့် Starlink 3.0 ဗားရှင်းက ဂြိုလ်တုတစ်ခုကို downlink 1000Gbps (1 Tbps) နဲ့ uplink speed 200Gbps ကျော် ပေးနိုင်မယ်လို့ ဆိုပါတယ်။ ဒါက လက်ရှိ Starlink ဂြိုလ်တုတွေ ပေးနိုင်တဲ့ speed ထက် ၁၀ ဆနဲ့ ၂၄ ဆကျော် ပိုများတာပါ။

၂၀၂၆ က စပြီး ဂြိုလ်တုအင်တာနက်ဝန်ဆောင်မှုကို အဲ့ဒီ မြန်နှုန်းမြင့် ဂြိုလ်တုသစ်တွေနဲ့ အဆင်မြှင့်တင်သွားမှာပါ။ ဂြိုလ်တုသစ်တွေရဲ့ hardware ၊ onboard computers နဲ့ ကြိုးမဲ့အချက်ပြ beamforming နည်းပညာ upgrade မြှင့်တင်မှုက Starlink ဂြိုလ်တုသစ်တစ်ခု လွှင့်တင်တိုင်း ကွန်ရက်ထဲမှာ 60 Tbps capacity အထိ ထပ်ဖြည့်ပေးနိုင်မယ်လို့ ဆိုပါတယ်။

Starlink ဂြိုလ်တုသစ်တွေက ကမ္ဘာပတ်လမ်း ပိုအနိမ့်မှာ လည်ပတ်မှာ ဖြစ်လို့ လိုင်းဆွဲအားကြန့်ကြာမှု latency နည်းပြီး လိုင်းဆွဲအားပိုကောင်းမှာပါ။ ကျေးလက်နဲ့မြို့ပြတွေမှာ တည်ငြိမ်ပြီး မြန်နှုန်းမြင့်တဲ့ ဂြိုလ်တုအင်တာနက်တွေ ပေးနိုင်ပါလိမ့်မယ်။

လောလောဆယ် Starlink က နိုင်ငံပေါင်း ၁၀၀ ကျော်မှာ အသုံးပြုသူ ၆ သန်းကျော်နဲ့ လည်ပတ်နေပါတယ်။ ကမ္ဘာ့အကြီးဆုံးနဲ့ ဖွံ့ဖြိုးမှုအမြန်ဆုံးဖြစ်တဲ့ အင်တာနက်ဈေးကွက်ဖြစ်တဲ့ အိန္ဒိယထဲ ဝင်ဖို့လည်း Starlink က ခွင့်ပြုချက် ရထားပါတယ်။ S

image