အမေရိကန်ဆယ်ကျော်သက် ၇၅% နီးပါး AI ကို အဖော်ပိုပြုလာ
နောက်မျိုးဆက်တွေက လူအချင်းချင်းဆက်ဆံရေးထက် AI နဲ့ စကားပြောရတာ ပိုမွေ့လျော်တော့မှာပါ။
လူနဲ့ အနီးစပ်ဆုံး တူလာတဲ့ AI chatbot ပေါ် လူငယ်တွေ စွဲလမ်းမှုက တစ်နေ့ထက်တစ်နေ့ ပိုများလာပါတယ်။ Common Sense Media ရဲ့ အစီရင်ခံစာအရဆို အမေရိကန်ဆယ်ကျော်သက် ၄ ယောက်မှာ ၃ ယောက်နီးပါးက AI အဖော်နဲ့ ပျော်နေကြတယ်လို့ ဆိုပါတယ်။
AI အဖော် (AI companion) ဆိုတာကတော့ လူလို အပြန်အလှန် စကားပြောနိုင်တဲ့ chatbots တွေပါ။ အသက် ၁၃ ကနေ ၁၇ နှစ်အရွယ် ဆယ်ကျော်သက် ၁၀၆၀ ကို လေ့လာခဲ့ရာမှာ ၇၂% က AI အဖော် အနည်းဆုံး တစ်ကြိမ်တော့ သုံးခဲ့ကြပြီး ၅၂% က ပုံမှန် သုံးဖြစ်ကြတယ်လို့ ဆိုပါတယ်။
ဆယ်ကျော်သက်တွေ စကားပြောဖို့ အသုံးများတာက CHAI , Character.AI , Nomi နဲ့ Replika တို့လို AI tool တွေ ဖြစ်ပြီး AI ကို စိတ်ပြေလက်ပျောက် entertainment အတွက် သုံးသူက ၃၀% ၊ စူးစမ်းချင်လို့ သုံးတာက ၂၈% ရှိခဲ့ပါတယ်။ စိုးရိမ်စရာကောင်းတာက သုံးတဲ့သူတွေရဲ့ ၃ ပုံ ၁ ပုံက ပုံမှန်သူငယ်ချင်းတစ်ယောက်ကို မပြောဖြစ်တဲ့ အတွင်းရေးတွေပါ AI ကို ပြောတာပါ။
စစ်တမ်းမှာ ဖြေခဲ့သူတွေထဲက ၂၄% ဆို AI ကို သူတို့ နာမည်အရင်းတွေ ၊ နေရပ်လိပ်စာအမှန်တွေ ပေးဖြစ်တယ်လို့ ဆိုပါတယ်။ AI ပြောတာကို တကယ်လိုက်ခံစားမိတဲ့သူကလည်း မနည်းပါဘူး။ ၃၄% တောင် ရှိပါတယ်။
"အသက် ၁၈ နှစ်မပြည့်သေးရင် AI အဖော်တွေ မသုံးသင့်ဘူး" လို့ သုတေသနအဖွံက ပြောပါတယ်။
COVID-19 ကပ်ဘေးကစလို့ တဟုန်းထိုး ဖွံ့ဖြိုးလာတဲ့ Generative AI ခေတ်ဟာ လူမှုနေထိုင်တဲ့အရွေ့သစ်တစ်ခုပါ သယ်ဆောင်လာခဲ့ပြီလို့ ဆိုရမှာပါ။ S
