1 w - Translate

ChatGPT နဲ့လာတဲ့ ဒေါ်လာ ၁၀၀ တန် Nothing စမတ်နာရီ

Nothing က ဖက်ရှင်ပါဝါရှိပြီး ဈေးသက်သာတဲ့ AI စမတ်နာရီတစ်လုံး ထုတ်လိုက်ပါတယ်။

Nothing ရဲ့ sub-brand ဖြစ်တဲ့ CMF ကနေ Watch 3 Pro နာမည်နဲ့ ထုတ်တာပါ။ fitness သမားတွေရော ပုံမှန် users တွေပါ အကြိုက်တွေ့မယ့် နာရီမျိုးပါ။ ၁.၄၃ လက်မ AMOLED နာရီအိုးဒီဇိုင်း အဝိုင်းနဲ့ လာပြီး bezel ဘောင်ပါးပါးနဲ့ ဆီလီကွန်လက်ပတ်ကြိုး သုံးပါတယ်။ နာရီမျက်နှာပြင် watch face အမျိုးပေါင်း ၁၂၀ ကျော် ပြောင်းနိုင်ပြီး sports mode ၁၃၁ မျိုး အထိ ထည့်ပေးထားပါတယ်။

ကျန်းမာရေး features တွေအနေနဲ့ သွေးတွင်းအောက်ဆီဂျင်စောင့်ကြည့်စနစ် ၊ စိတ်ဖိစီးမှုတိုင်းနည်းပညာ ၊ နှလုံးခုန်နှုန်းနဲ့ အိပ်စက်မှု ခြေရာခံစနစ်တွေအပြင် တစ်နေ့တာ ရေသောက်နှုန်းတွက်တာ ၊ အထိုင်များရင် သတိပေးတာနဲ့ အမျိုးသမီးတွေ လစဉ်ကျန်းမာရေး စောင့်ကြည့်ပေးတာမျိုးအထိ ပါပါတယ်။

CMF Watch 3 Pro မှာ ထူးခြားတဲ့ fitness feature တစ်ခုက AI နဲ့ လေ့ကျင့်ခန်း လမ်းညွှန်ပေးနိုင်တာပါ။ AI coach စနစ်မှာ လေ့ကျင့်ခန်းလုပ်ပြီး ဆောင်ရန်ရှောင်ရန် အကြံဉာဏ်တွေပေးတာ ၊ လေ့ကျင့်ခန်းလုပ်ဖို့ အစီအစဉ် plan တွေ ဆွဲတာ ၊ အားကစားလုပ်ပြီး ဆန်းစစ်ချက်ထုတ်တာတွေမျိုး ပါပါတယ်။

ChatGPT နဲ့ integrate လုပ်ထားတာ ဖြစ်လို့ နာရီကို အသံ voice prompts နဲ့ သိချင်တာတွေ မေးလို့ရသလို လုပ်စရာကိစ္စတွေကို သတိပေးဖို့လည်း reminders တွေ ထားလို့ ရပါတယ်။ တစ်ခုခု မှတ်စရာရှိရင်လည်း အသံဖမ်းစက် voice recorder လို သုံးလို့ရပါတယ်။ အသံမှတ်စုတွေကိုလည်း note app ထဲမှာ စာသားအနေနဲ့ auto-transcribe ပြောင်းသွားမှာပါ။

အပြေးနဲ့ တောင်တက်သမားတွေအတွက် လမ်းကြောင်းအတိအကျ ခြေရာခံနိုင်ဖို့ dual-band GPS လည်း ပါပါတယ်။ CMF Watch 3 Pro က ပုံမှန်အသုံးပြုမှုအတွက် ၁၃ ရက် battery life ရပြီး Always-On Display တောက်လျှောက် ဖွင့်ထားမယ်ဆိုရင် ၄ ရက်ခွဲလောက်ပဲ အားခံမယ်လို့ ဆိုပါတယ်။

မီးခိုးဖျော့ ၊ မီးခိုးရင့် နဲ့ လိမ္မော်ကာလာ ၃ ရောင်နဲ့ လာပြီး ၉၉ ဒေါ်လာဈေးဖြစ်လို့ ဈေးတော့ အတော်သက်သာတယ်လို့ ဆိုရမှာပါ။ S

image