1 w - Translate

သင်၏ဓာတ်ပုံများ အသက်ဝင်လာမည်၊ Google Photos တွင် ဓာတ်ပုံမှ ဗီဒီယိုအဖြစ်ပြောင်းလဲပေးမည့် AI နည်းပညာသစ်ပါဝင်လာ
Google Photos သည် ၎င်းတို့၏ platform ပေါ်တွင် အစွမ်းထက်သော AI နည်းပညာသစ်နှစ်ခုဖြစ်သည့် “Photo to video” နှင့် “Remix” တို့ကို ထပ်မံထည့်သွင်းလိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။
အသုံးပြုသူများသည် ၎င်းတို့၏ငြိမ်သက်နေသောဓာတ်ပုံများကို လှုပ်ရှားသက်ဝင်နေသော ဗီဒီယိုအတိုလေးများအဖြစ်သို့ လွယ်လင့်တကူ ပြောင်းလဲနိုင်တော့မှာ ဖြစ်ပါတယ်။
“Photo to video” နည်းပညာက သင်၏ဓာတ်ပုံများကို ၆ စက္ကန့်စာ ဗီဒီယိုကလစ်အတိုလေးများအဖြစ်သို့ ပြောင်းလဲပေးနိုင်မှာဖြစ်ပြီး၊ “Remix” နည်းပညာကတော့ သင်၏ဓာတ်ပုံများကို anime၊ ကာတွန်း၊ သို့မဟုတ် 3D animation ကဲ့သို့သော မတူညီသည့် အနုပညာပုံစံများအဖြစ်သို့ ပြောင်းလဲပေးနိုင်မှာဖြစ်ပါတယ်။
အသုံးပြုသူများအနေဖြင့် ဓာတ်ပုံတစ်ပုံကိုရွေးချယ်ပြီး “Subtle movements” ကဲ့သို့သော အမိန့်ပေးချက်ကို နှိပ်လိုက်ရုံဖြင့် ဗီဒီယိုအတိုလေးကို အလွယ်တကူဖန်တီးနိုင်မှာဖြစ်ပါတယ်။ ဤ AI နည်းပညာသစ်များကို အသစ်ထပ်မံထည့်သွင်းလိုက်သည့် “Create” tab အောက်တွင် ရှာဖွေအသုံးပြုနိုင်မှာဖြစ်ပြီး၊ AI ဖြင့်ပြုလုပ်ထားသော ဗီဒီယိုအားလုံးတွင် ဒစ်ဂျစ်တယ်ရေစာ (watermark) ပါဝင်မှာဖြစ်ပါတယ်။
အမေရိကန်နိုင်ငံရှိ Android နှင့် iOS အသုံးပြုသူများအတွက် စတင်မိတ်ဆက်လိုက်ပြီဖြစ်ပြီး၊ အခြားနိုင်ငံများတွင်လည်း မကြာမီရရှိနိုင်ဖွယ်ရှိပါတယ်။

image