1 w - Translate

၂၀၂၃ ခုနှစ်တုန်းက ဖရန့်ဖတ်အသင်းဟာ ကိုလိုမူအာနီကို PSG အသင်းဆီ ယူရို ၉၅ သန်းနဲ့ ရောင်းချခဲ့ပြီး ဟျူဂို အီကီတိုက်ကို နောက်တရာသီမှာ PSG အသင်းဆီကနေ ယူရို ၁၆.၅ သန်းနဲ့ ပြန်လည်ခေါ်ယူခဲ့ပါတယ် ။
လက်ရှိမှာတော့ ကိုလိုမူအာနီဟာ ယူရို သန်း ၃၀ ဝန်းကျင်သာ တန်ကြေးရှိတော့ပြီး ဟျူဂို အီကီတိုက်ကိုတော့ လီဗာပူးအသင်းက ယူရို သန်း ၉၀ ပေးချေကာ ခေါ်ယူသွားခဲ့ပြီဖြစ်ပါတယ် ။
ဖရန့်ဖတ်အသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့တုန်းကလည်း အိုမာ မာမွတ်ရှ်ကို ပေါင် သန်း ၆၀ နဲ့ မန်စီးတီးအသင်းဆီ ရောင်းထုတ်ထားခဲ့ပါသေးတယ် ။

image