သိန္နီတွင် ဓာတ်ဆီဆိုင်မီးလောင်ပြီး မိသားစု ၅ ဦး ပျောက်ဆုံးနေ
ရှမ်းပြည်နာ်မြောက်ပိုင်း၊ သိန္နီမြို့မှာ ဇူလိုင် ၂၃ ရက်မနက် ၁၁ နာရီလောက်စပြီး ဓာတ်ဆီဆိုင်မီးလောင်ပြီး မိသားစု ၅ ယောက် ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံ လူငယ်တယောက်က "အပူချိန် လွန်ကဲပြီး မီးလောင်တာ။ နေအိမ် ၂ အိမ် ပျက်စီးတယ်။ ပန့်ဆိုင်က ဆီတိုင်ဂီ ပေါက်တာလို့လည်း ပြောနေကြတယ်။ မြို့ဦး ဆီဆိုင် လောင်တာ။ ဆိုင်ရှင် မိသားစုဝင် ၅ ဦး ပျောက်နေတယ်" လို့ ပြောပါတယ်။
#သိန္နီ #ဓာတ်ဆီဆိုင်
