1 ပတ် - ဘာသာပြန်ပါ။

တစ်ချို့မိန်းမတွေက ...
ဓားနဲ့တူတယ် ...။
ထက်ထက်မြက်မြက် အသုံး၀င်ပေမယ့်
ပြန်ရှတတ်တယ် ...။

တစ်ချို့မိန်းမတွေကတော့ ...
စာအုပ်နဲ့တူတယ် ...။
ချုပ်ချယ်သလို ထင်ရပေမယ့် ...
ကောင်းကျိုးအတွက်ဖြစ်တယ် ...။

တစ်ချို့မိန်းမတွေက ...
အရက်နဲ့တူတယ် ...။
ဆွဲဆောင်မှု ပေးတတ်ပေမယ့် ...
အသည်းကိုလည်း ဒုက္ခပေးတယ်။

တစ်ချို့မိန်းမတွေကတော့ ...
ရေနဲ့တူတယ် ...။
ဆွဲဆောင်မှု့ မပေးတတ်ပေမယ့် ...
မရှိမဖြစ် အရေးကြီးတယ် ...။

တစ်ချို့မိန်းမတွေက ...
ရေခဲသေတ္တာနဲ့တူတယ် ...။
ရှိလည်း အေးအေး ...
မရှိလည်း အေးအေးနေတယ် ...။

တစ်ချို့မိန်းမတွေကတော့ ...
မီးဖိုပေါ်က ရေနွေးအိုးနဲ့တူတယ်။
ရေရှိရင်တော့ အဆင်ပြေပေမယ့် ...
ရေမရှိရင်တော့ ပေါက်ကွဲတတ်တယ်။

တစ်ချို့မိန်းမတွေက ...
...............................................
...................................................... ။

ဖြည့်စွက်ရေးသားနိုင်ပါသည်....